ကျေးဇူးတင်လွှာ..♡

1.1K 62 0
                                    

အားလုံးကို ပထမဆုံးကျေးဇူးတင်ပါရစေ။ ဒီဇာတ်လမ်းလေးကိုအမှား‌ေတွအများကြီးထဲကဆက်ရေးဖြစ်အောင်တောင်းဆိုခဲ့တဲ့ စာဖတ်သူလေးတစ်ယောက်ချင်းစီတိုင်းကို ဒီကနေကျနော်ပွေ့ဖက်လိုက်ပါတယ်။ ဇာတ်လမ်းအစကနေလှည့်ပြန်သွားတဲ့သူတွေကိုလဲ ကျနော်ကဖက်ပါရစေ။ အလယ်ကနေပြန်သွားတဲ့လူတွေကိုလည်း ထပ်ဖက်လိုက်ပါအုံးမယ်။ (ဟေ့လူများနေပြီ:3)။ ဇာတ်လမ်းအဆုံးထိဖတ်ပေးခဲ့တဲ့သူတွေကိုတော့ဗျာ ကျနော်မဖက်တော့ပါဘူး သူတို့ကရိုက်ချင်ကြတာများတယ်မဟုတ်လား🥺

ပထမဦးစွာ အရွှန်းဖောက်ပြီးနောက် ‌ဇာတ်လမ်းလေးကိုတွေးမိတာလေး လေပစ်ပါရစေ။ ကျနော်ဟာ ဒရမ်မာဆို အီးယူဆိုပြီးခပ်ခွာခွာနေပါတယ်။ အေးအေးလေးနဲ့ဆွေးဆွေးလေး၊ ရိုမန်စ့်ငြိမ့်ငြိမ့်ကလေးတွေပိုကြိုက်တယ်။ ဒီလိုနဲ့ပဲ ကျနော့်အသည်းလေး ဟက်တက်ကွဲသွားတဲ့တစ်နေ့ ချယ်ရီပန်းနဲ့ဆိုင်တာလေး နားထောင်ပြီး..(ကြိတ်ငိုနေတယ်ပေါ့) အဲ့တာနားထောင်ပြီး ရှမ်းပြည်ကကျနော်မကြိုက်လိုက်ရတဲ့ရှမ်းမလေးကိုသတိရသွားတယ်။

အဲ့တာနဲ့အလွမ်းအဆွေးတွေပိုဖြစ်သွားပြီး ဇာတ်လမ်းပုံကြမ်းစဆွဲတယ်။ အကြမ်းအတွက် noteတွေမှဟောထနေတာပါပဲ လမ်းရေးစုတ်လို့မပြတော့ဘူး။ နိုင်ငံရေးလုပ်တာလဲများပြီး နိုင်ငံရေးပါဆွဲထည့်မယ်ကြံတယ် ဒါနဲ့၁၉၈၈ကိုကျနော်ခြေဆန့်တာ ဂွပါပြဲမလို့ စတာစတာ ၁၉၈၈ကအကြောင်းတွေမွှေတယ် siteတွေမှစံုနေတာပါပဲ သီချင်းတွေလဲရှာ အ၀တ်အစားတွေရှာ စကားပြောပုံတွေလိုက်မေးနဲ့ updateဆိုတာတော်တော်ကြာခဲ့တာ မယုံရင်အစပိုင်းတွေဖတ်ကြည့် ဆားကိုမပါတာ။ အခုတော့ပါသွားပါပြီ ကျနော်ရေးနိုင်ခဲ့ပြီဗျ။ နူးနူးညံ့ညံ့နဲ့ ဘယ်အချိန်ကပေါ်လာမှန်းမသိတဲ့ရင်ခုန်သံငြိမ့်ငြိမ့်လေးအကြောင်းကို အမျိုးသမီးလေးနှစ်ယောက် "မေ့ရဲ့မမမြိုင်" ဆိုပြီး ရေးခဲ့ပါပြီ။

•မြိုင်ဟာမေ့ကိုချစ်ကြောင်းကျနော်အသိသာရေးတာရှားတယ်။ ဒါပင်မဲ့ သေချာလိုက်ကဖတ်ရင်တော့အချိုစားရမှာ‌ပေါ့။ (ကျနော်ကအကြာကြီးတွေးရ‌တာကြိုက်တော့)

•မေ့ကိုလဲကျနော်သေခိုင်းရတာအကြောင်းရှိတယ်။ နိုင်ငံရေးကာလကြားမ‌ှာ အနေဝေးနေတဲ့ချစ်သူနှစ်ယောက်အဖြစ်က အတောင်ကျိုးနေတဲ့ငှက်တွေလို ဘာလုပ်လုပ် စိတ်ဆင်းရဲနေရတာ။ ကျနော်လဲအဲ့ခန်းတွေရေးရတာတော်တော်စိတ်ဆင်းရဲတယ် (တချက်တချက်လဲ မအလတွေအကြောင်းရေးရင်း ထထဆဲသေးတာ) တစ်ခုရှိသေးတယ်ဗျာ သူများသားသမီးကို ငိုအောင်လုပ်ဖို့ ကျနော်ညမအိပ်ပဲထိုင်ရေးတာဒါပဲရှိသေးတယ် (ငိုကြရင်တော့ကျေနပ်တယ်)

မေ့ရဲ့မမမြိုင်Where stories live. Discover now