71

10.5K 1.6K 98
                                    

{Unicode}

"လူဆန်သော"

ကျောက်ရှန့်ဟိုင်သည် ခုခံလိုက်နိုင်ခြင်း အလျဉ်းမရှိဘဲ ယဲ့ထင်ထံမှ အထိုးခံလိုက်ရ၏။

ပြင်းထန်သော ထိုးနှက်ချက်ကြောင့် အနောက်သို့ပင် ရှက်စရာကောင်းလှစွာ ယိုင်လဲကျတော့မလို ဖြစ်သွားသည်။

နှာတံပေါ်တွင် ဝတ်ဆင်ထားသော ရွှေရောင်ကိုင်းကွပ် မျက်မှန်သည်ပင် ယဲ့ထင်၏လက်ချက်ကြောင့် လွင့်ထွက်သွားပြီး မြေခသွားခဲ့ရသည်။

ကျောက်ရှန့်ဟိုင် မော့ကြည့်လာသောအခါ မျက်လုံးထဲတွင် ဒေါသအရိပ်အမြုံတို့ ချက်ချင်းလက်ငင်း ဖုံးလွှမ်းသွားပေ၏။

ယဲ့ထင်၏ တစ်ကိုယ်လုံးတွင် တစ်စစီ ဆွဲဖြဲ ကိုက်ဖြတ်ပစ်ချင်နေသော အမူအရာများ လွှမ်းခြုံနေပြီး ကျောက်ရှန့်ဟိုင်က မတ်မတ်ပြန်ရပ်လိုက်နိုင်သည်နှင့် သူ၏ ဒုတိယအကြိမ် လက်သီးတစ်လုံးက ဝင်ရောက်လာပြန်သည်။

ကျောက်ရှန့်ဟိုင်မှာကား အစဉ်အမြဲ လူကြီးလူကောင်း တစ်ယောက်သာ ဖြစ်နေခဲ့ပြီး ယဲ့ထင်၏ ဆက်တိုက်ဆန်သော လက်သီးချက်များကို ရင်ဆိုင်ရသောအခါ သူသည် လက်မောင်းနှင့် ပိတ်ဆို့ထားပြီး အကြိမ်အနည်းငယ် ပြန်လည်တိုက်ခိုက်လာသည်။ သို့သော်ငြား ‌ခြေထောက်အောက်တွင် မည်သို့သော အရာနှင့် တိုက်မိသွားသည်မသိ လူတစ်ကိုယ်လုံးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ယဲ့ထင်သည် ကျောက်ရှန့်ဟိုင်၏ အင်္ကျီကော်လံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်လုံးများကလည်း နီမြန်းနေကာ တစ်ကိုယ်လုံးက ဒေါသအဟုန်နှင့် မာန်ဖီနေသည့် ကြမ်းကြုတ်ရက်စက်‌လှသော နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေခဲ့၏။

ကျောက်ရှန့်ဟိုင်သည်ပင် တစ်မျိုးတစ်ဖုံ ခံစားလာရသည်။

ယဲ့ထင်တစ်ယောက် အချိန်မရွေး မိမိအား အမှန်တကယ် ဇီဝိန်ချုပ်ငြိမ်းသွားအောင် လုပ်သွားနိုင်သည် ဆိုတာကိုပင်။

ထိုမျက်လုံးထဲမှ ကြမ်းကြုတ်ပြီး အရိုင်းဆန်မှုများက ရန်ကျားလိ လွတ်မြောက်သွားမှုကြောင့် အကြွင်းမဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားကြဟန်တူသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now