74

10.5K 1.6K 115
                                    

{Unicode}

"မွှေးလိုက်တာ"

လန်ထျန်းသည် ယဲ့ထင်နံဘေးတွင် တစ်ခဏလောက် စကားနာ ထိုးလိုက်ရသည့်အတွက် စိတ်ထဲတွင် လွန်စွာမှပင် ပျော်ရွှင် ဝမ်းမြောက်သွားရသည်။

ရန်ကျားလိနှင့် စစသိကျွမ်းခဲ့စဥ်က ရန်ကျားလိသည် သူဟာ ယဲ့ထင်၏ အိမ်မွေးတိရစ္ဆာန်ဟု ပြောဆိုခဲ့သည့်အပေါ် လန်ထျန်းက မယုံကြည်နိုင် ဖြစ်ခဲ့သေးသည်။

ယဲ့ထင်က ရန်ကျားလိအပေါ်တွင် စိတ်လိုလက်ရနှင့် နွေးထွေးကြင်နာ ပေးနေ၍ဖြစ်သည်။ ထိုမျှမက ငွေအပုံလိုက် သုံးဖြုန်းပြီး ရန်ကျားလိအတွက် ကြည့်ရူ စောင့်ရှောက်သူ ဌားပေးသည်။ ဤတင်မကသေး ငွေရေးကြေးရေးအား ခြေသလုံးမွှေးကဲ့သို့ ပေါပေါသီသီ သုံးစွဲကာ အမျိုးမျိုး အစုံစုံသော အသုံးဆောင် ပစ္စည်းများအား သူ၏ ခြေတော်ရင်း၌ စုပြုံပေးအပ်ထားသည်။ မည်သို့သော လူမျိုးကများ အိမ်မွေးတိရစ္ဆာန်လေးအပေါ် ဤမျှအထိ လုပ်ပေးနိုင်လောက်မည်နည်း။

သို့သော် အချိန်တစ်ခု ကြာသောအခါ လန်ထျန်းသည်လည်း သိမြင်လာလေပြီ။

ယဲ့ထင်သည် ရန်ကျားလိ အပေါ်တွင် ကောင်းသည်က ကောင်းခဲ့သည် ဆိုသော်လည်း လွှမ်းမိုးခြယ်လှယ်လိုစိတ်က တစ်ဖက်ကမ်းခတ်နေပြီး ချုပ်ကိုင်ချင်စိတ်ကလည်း ပြင်းပြနေပြန်သည်။

ယဲ့ထင်က မဖြစ်စေချင်သည့် အရာဆိုလျှင် သူ့တစ်မဲထဲနှင့်ပင် အဆိုတင်သွင်းခြင်းအား ပယ်ချခံလိုက်ရနိုင်သည်။ ထိုကိစ္စနှင့် ပတ်သတ်ပြီး ရန်ကျားလိက မကျေမနပ် ဖြစ်နေလျှင် ယဲ့ထင်က သူကျေနပ်စေရန် နည်းလမ်းပေါင်းစုံ ရှာပါလိမ့်မည်။

ရန်ကျားလိ ဘယ်ကိုသွားသွား ယဲ့ထင်ဘက်က ခေါင်းညိတ်လက်ခံပေးမှ ရလိမ့်မည်။ စိတ်ရှိတိုင်း အပြင်ထွက်၍ မရနိုင်စေရန် တံခါးဝတွင် သက်တော်စောင့်များ အချိန်မရွေး စောင့်နေပေးလိမ့်မည်။ ထို့အပြင် အခန်း၏ နေရာမလပ်တွင် လျှို့ဝှက်တပ်ဆင်ထားသော စောင့်ကြည့်ကင်မရာများ မည်မျှပင် ရှိနေကြောင်းလည်း မမှန်းဆနိုင်ပေ။ ရန်ကျားလိ၏ လက်ကိုင်ဖုန်းသည်ပင် တိုက်လေအထိ တိုးဝင်၍ မရနိုင်အောင် နှစ်ဆယ့်လေးနာရီ တစ်ရက်လုံး စောင့်ကြည့်ခြင်းကို ခံနေရသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now