75

9.5K 1.5K 39
                                    

{Unicode}

"ကိုယ်တိုင် ဆက်သွယ်လာခြင်း"

ယဲ့ထင်သည် ကျောက်ရှန့်ဟိုင်အား လူကို ပြန်ထုတ်ပေးဖို့ရန် အချိန်သုံးရက်တာ ပေးခဲ့သည်။

ကျောက်ရှန့်ဟိုင်သည် ထိုအခြင်းအရာ‌ပေါ် လုံးလုံး လျစ်လျူရှူထားခဲ့ပြီး လူအား ပြန်ထုတ်ပေးလိုက်ရန် အတွက်လည်း စိုးစဉ်မျှသော အစီအစဉ်ပင် ရှိလို့မနေခဲ့။

ဤအခြေအနေထိတိုင် ရောက်နှင့်နေခဲ့ပြီးမှ ရန်ကျားလိအား ယဲ့ထင်ထံ ပြန်လည်အပ်နှံလိုက်လျှင် အမှန်တကယ် မိုက်မဲ ရူးနမ်းနေ၍သာ ဖြစ်မည်။

ရန်ကျားလိသာ မိမိဘက်၌ ရပ်တည်နေမည်ဆိုလျှင် ယဲ့ထင်၏ လုပ်ငန်းဆောင်တာများက ကမောက်ကမနှင့် စနိုးစနောင့် ဖြစ်သွားနိုင်ပြီး သူ့တွင်လည်း ယဲ့ထင်နှင့် ယှဥ်ပြိုင် တိုက်ခိုက်ဖို့ရန် လှည့်ကွက် ရှိလာနိုင်သည်။

ရန်ကျားလိသာ ယဲ့ထင်အနား ပြန်ရောက်သွားမည်ဆိုလျှင် ယဲ့ထင်ထံတွင် စိုးရိမ်ကြောင့်ကြစရာများ မရှိတော့လေဘဲ ကလဲ့စားချေရာတွင် ပိုလို့ပင် အထိန်းအကွပ် မဲ့လာပေတော့မည်။

ယဲ့ထင်သည် သုံးရက်တိုင်တိုင် စိတ်အလိုမကျ ဖြစ်နေခဲ့ပြီး လေထုဖိအားသည်လည်း အတော်လေး နိမ့်ဆင်းနေခဲ့သည်။

သုံးရက်ကြာ သတ်မှတ်ချိန် ကုန်သည်နှင့် ယဲ့ထင်လည်း အားနာမနေတော့ဘဲ ကျောက်ရှန့်ဟိုင်၏ ရင်းနှီးမြှုပ်နှံရေး ပရောဂျက်ကို လက်တုံ့ပြန် တိုက်ခိုက်တော့သည်။

ရှေးဦးစွာ အချက်အချာကျသော သော့ချက်များကို စစ်ဆေးကြည့်လိုက်ပြီး ကျောက်ရှန့်ဟိုင်၏ ပရောဂျက်မှ အတည်ပြု မစိစစ်ဖြစ်ခဲ့သော အစိုးရနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို အစမှအဆုံးထိ အသေးစိတ်ကျကျ ပြန်လည်စစ်ဆေးပေးရန် ခိုင်းစေခဲ့သည်။ ထိုပရောဂျက်မှ ငွေကြေးဆိုင်ရာ ယိုစိမ့်မှုများကို ဖမ်းဆုပ်ထားလိုက်ပြီး အပျက်အစီးများစွာ ပုံပေးခဲ့သည်။ ယဲ့ထင်က လက်စသတ်ပေး လိုက်သည်နှင့် ထိုပရောဂျက် အဖွဲ့အစည်းမှ လုပ်ငန်းဆောင်တာများသည်လည်း အလျင်အမြန် ရပ်တန့်သွားကြကုန်တော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now