Chapter(6)(U&Z)

18.1K 1.4K 47
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်

Chapter (6)

For zawgyi users, please scroll down the page😘😘.

သူပါ ကျွန်တော့်ကို လိုက်ပို့ သော ထိုကားပေါ်တွင် အတူတူ လိုက်ပါ လာလိမ့်မည်ဟု မထင်မိခဲ့........................။

ကားနောက်ခန်း ကျွန်တော့် ဘေးနေရာသို့ ထိုမင်းစစ်သည်ဦး ဆိုသည့် လူ လာထိုင်လိုက်စဉ် စိုးထိတ်စိတ်ကြောင့် တစ်ကိုယ်လုံး တောင့်တင်း သွားကာ မသိမသာ တစ်ဖက်ခြမ်းသို့ အသာရွေ့ သွားလိုက်မိသည်..........................။

အပြင်ဘက် သို့ ကြည့် နေရာမှ မျက်လုံးကို ထောင့်ကပ်ရင်း မသိမသာ စွေစောင်းကြည့် မိတော့ ဘေး တစ်စောင်း မြင် နေရသည့် မျက်နှာကျကပင် တော်တော် ခန့်နေတာ ဖြစ်သည်......................။

ခေါင်းအစ ခြေအဆုံး  တန်ဖိုးကြီး Brand တွေချည်း ...................။

ရုပ်ရှည်ကလည်း တော်တော်လန်းတဲ့ဘဲ...............။

အသက်လည်း သိပ်မကြီးသေး.....................။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် များ မာဖီးယား ခေါင်းဆောင်ဖြစ်နေရမှန်းမသိ..............။

နှမျောစရာ.......................။

အခုချိန်၌ အကဲခတ်ကြည့်လိုက်တော့လည်း တကယ့် လူကောင်း လူရည်မွန်တစ်ဦးလိုလို ဘာလိုလိုအချိုးပေါက်နှင့်.........................။

ခေါင်းငုံ့ပြီး i-pad တစ်လုံး နှင့် တစ်ယောက်တည်း အလုပ်တွေရှုပ် ၊ အကဲဖြတ် နေသလို  စိတ်ဝင်တစား ငုံ့ကြည့် ရင်း မျက်မှောင်ကျုံ့ ထားလေသည်.........................။

ဘာတွေ ကို ကြည့်ပြီး မျက်မှောင် ကြုတ်နေမှန်းမသိ.....................။
သူ့ အနက်ရောင်လုပ်ငန်း တွေများလား.................။
သိချင်မိပေမယ့် စေ့စေ့မကြည့် ရဲ.....................။

တော်ကြာ စပ်စုချင်အုံး ကဲကွာ ကဲကွာ ဆိုပြီး  ဖူးရှီး ဒိုင်းညှောင့် ပစ်လိုက်ရင် ဘယ့်နှယ့် လုပ်မတုံး......................။

မာဖီးယား နှင့်အတူတူ ကားတစ်စီးတည်း လိုက်ပါရသည့် ဒုက္ခက မသေး......................။
အေးစိမ့်နေအောင်အဲယားကွန်း ဖွင့်ထားသည့် ကားထဲတွင် ထိုင်နေရင်း ဇောချွေးပျံ နေရသည့် အဖြစ်..............................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now