77

10.1K 1.5K 95
                                    

{Unicode}

"ရွေးချယ်စရာရှိတော့ဘဲ
အဝင်ကောလ်သာ ထိုင်စောင့်နေခြင်း"

ယဲ့ထင်သည် စီးကရက် သုံးလိပ်ကို တစ်လိပ်ပြီး တစ်လိပ် ဆက်တိုက် သောက်နေခဲ့သည်။

ဘဏ္ဍာရေး တာဝန်ခံ ဒုဥက္ကဌသည် အလုပ်အကြောင်းကို အစီရင်ခံရန် ရောက်လာသည့်အခါ၊ အခန်းထဲတွင် အခိုးငွေ့များ တစ်ခန်းလုံး အပြည့် လှိုင်လှိုင်ထလုနီးပါး ဖြစ်နေခဲ့သည်။

ယဲ့ထင်သည် သူ၏ အစီရင်ခံမှုအား နားထောင်ပြီးသောအခါ တင်းမာနေသော မျက်နှာထားဖြင့် ကိစ္စအချို့ ပြုလုပ်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ဖုန်းကိုယူပြီး မှန်အပြည့်ကပ်ထားသော ပြတင်းပေါက်ရှေ့ လျှောက်သွားကာ ဆက်သွယ်မရတော့သည့် ဖုန်းနံပါတ်ကို ကြည့်နေရင်း လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်မိသွားပြီး အရိုးအဆစ်များအထိ တုန်ရီနေကာ လက်သည်းများသည်လည်း ဖြူဖျော့နေခဲ့သည်။

သူသည် သည်းမခံနိုင်တော့ဘဲ ယခုလေးတင်က ဆက်သွယ်ထားသော ကွန်ရက် အင်ဂျင်နီယာကို ထပ်မံ ဆက်သွယ်ပြန်သည်။

သူက လေးလံစွာနှင့် မေးလာသည်။

"တကယ် လုံးဝ နည်းလမ်း မရှိဘူးလား"

အင်ဂျင်နီယာသည် သက်ပြင်းချကာ အကူအညီမဲ့စွာနှင့်

"ဥက္ကဌယဲ့၊ လက်ရှိ အခြေအနေအရ ကြည့်ရင်တော့ တကယ်ကို နည်းလမ်းမရှိတာပါ။ ဖုန်းနံပါတ် အစစ်ကိုလည်း အသွင်တုစနစ်က ဖုံးထားသေးတယ်။ ဖြစ်နိုင်တာကတော့ အဲ့ဒီနံပါတ်ကို ကိုင်ထားတဲ့သူက ခင်ဗျားဆီကို ဖုန်းဆက်လာတဲ့ အကြိမ်ရေက တိကျတဲ့ အရေအတွက် တစ်ခုအထိ ရောက်လာခဲ့ရင် ကျွန်တော်တို့ အဲ့ဒေတာနံပါတ်တွေ အားလုံးကို ယှဥ်ကြည့်ပြီး ပေါင်းကြည့်လိုက်ရင် အချက်အလက် အစစ်အမှန်တွေ ရလာနိုင်လောက်တယ်။ ဒါပေမဲ့ အခုလို နံပါတ်တစ်ခုတည်းနဲ့ကတော့ အကူအညီ မဖြစ်ပါဘူး"

ယဲ့ထင်သည် မျက်လုံးများကို မှိတ်ချလိုက်ပြီး အံတင်းတင်း ကြိတ်ထားကာ ခေါင်းပင် ကျိန်းလာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now