78

10K 1.6K 265
                                    

{Unicode}

"သူ့အား ကျီစားခြင်း"

ရန်ကျားလိသည် အင်္ကျီလဲပြီး ရေပူစမ်း အခန်းထဲ ဝင်လာသည်။

အထဲတွင် အပူငွေ့များက နေရာအနှံ့ ရိုက်ခတ်နေပြီး မြူနှင်းကျသကဲ့သို့ ဝိုးတိုးဝါးတား ဖြစ်လို့နေသည်။ အသက်တစ်ချက် ရှူသည်နှင့် နှာခေါင်းထဲတွင် စိုစွတ်အေးမြသော ရေခိုးရေငွေ့များဖြင့် ပြည့်ကုန်တော့သည်။

ရန်ကျားလိသည် ရေကန်ဘေးသို့ လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်နှင့် ​ရေထဲကို နစ်သွားသော ခြေမများက တစ်ခဏလောက် လောင်ကျွမ်းသွားသလိုပင်။

လျိုရွှင်းက သူ၏ ကတုန်ကယင်ပုံကို ကြည့်နေရင်း တဟားဟားနှင့် အကျယ်ကြီး ရယ်လိုက်ကာ ရန်ကျားလိ ကိုယ်ပေါ်သို့ ရေစင်များ ပက်ဖြန်းလိုက်သည်။ ထို့နောက် နွေးထွေးပျူဌာစွာနှင့် လှမ်းအော်လိုက်ကာ

"ဘယ်လိုလဲ၊ ရေပူကို မုန်းသေးလား။ ဆင်းလာခဲ့၊ ရန်ရန်၊ ခဏလောက် စိမ်လိုက်တာနဲ့ နေသားကျသွားလိမ့်မယ်။ သက်တောင့်သက်သာ ရှိပါတယ်ဆို။ မင်းမဆင်းလာဘူးဆိုရင် ကိုယ်မင်းကို ပွေ့ချီပြီး ရေထဲ ပစ်ချတော့မှာနော်"

"မလုပ်နဲ့၊ မလုပ်နဲ့၊ မလုပ်နဲ့။ ခင်ဗျား မလုပ်နဲ့။ ကျွန်တော် ကိုယ့်ဘာသာ ဆင်းမယ်"

ရန်ကျားလိသည် လက်နှစ်ဖက်ကို ကန်ဘောင်ပေါ် ထောက်လိုက်ပြီး ဖြည်းညှင်းလေးကန်စွာနှင့် ကိုယ့်ဘာသာကိုယ် ရေကန်ထဲ ဆင်းလာသည်။ ခြေဖျားက ရေကန်အောက်ခြေကို ထိသွားသည်နှင့် သူ့တစ်ကိုယ်လုံးသည် မကယ်တင်လိုက်နိုင်ဘဲ တုန်ယင်သွားတော့သည်။ နဖူးမှ ချွေးများ စိမ့်ထွက်လာရုံမက ပူလောင်မှုကြောင့် ပါးပြင်များပါ နီရဲလာသည်။

လျိုရွှင်းသည် ကနဦးအစက ရွှတ်နောက်နောက်နှင့် ဖြစ်သည်။ ရန်ကျားလိ၏ ပိန်ပါးပြီး ဖြူလွှသည့် အပေါ်ပိုင်း ခန္ဓာကိုယ်ကို မြင်သောအခါ အပြုံးမှာ ရုတ်တရက် တောင့်ခဲသွားပြီး မျက်လုံးသည်ပင် အချိန်အတိုင်းအတာ တစ်ခုထိ မှေးမှုန်သွားသည်။

ရန်ကျားလိက ရေကန်ဘောင်ကို မှီထားပြီး ပူလောင်မှုကို ခံစားကြည့်နေရင်း တစ်အောင့်ကြာသည့်နောက် အတော်လေး သဘောကျသွားကာ

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now