80

11.1K 1.5K 86
                                    

{Unicode}

"ဖုန်းခေါ်ဆိုရန် ကတိကဝတ်"

ရန်ကျားလိသည် စဥ်းစားလိုက်ပြီးနောက် ဖုန်းမချဖြစ်ခဲ့ပေ။

သို့သော်ငြား စကားထပ်ပြောလာချိန်မှာတော့ လေသံက ကြမ်းတမ်းနေပုံပေါ်ကာ

"မင်းပဲ အံကြိတ်ပြီး ငါ့ကို ဆက်မလည်ပတ်နိုင်တော့အောင် လုပ်လိုက်တော့မယ် ပြောခဲ့တာ မဟုတ်ဘူးလား။ မင်းကို ထပ်မနှောင့်ယှက်ဘဲ ဝေးဝေးကို ထွက်သွားခိုင်းတာလည်း မင်းပဲ။ အခုလည်း ငါ့ကို ဖုန်းမချနဲ့ ပြောတာကလည်း မင်းပဲဖြစ်နေပြန်ပြီ။ မင်းကလေ၊ တော်တော်လေး ထူးဆန်းလာပြီ"

ယဲ့ထင်၏ လည်ချောင်းသည် ခြောက်ကပ်နေပြီး ရှတတနှင့်

"....ကိုယ်ခုနက မင်းကို ပြောနေတာ မဟုတ်ပါဘူး"

ရန်ကျားလိက တိုးဖွဖွနှင့် သြော်ဟုအသံပြုသည်။

"မင်းက ငါ့ကို ခဏခဏ ဖုန်းဆက်လာခိုင်းနေပြီးတော့၊ အခုတကယ် ဆက်လာတော့လည်း မင်းကတကယ် ဘာဖြစ်ချင်နေတာလဲ"

ယဲ့ထင်သည် မူလအစက မိမိတွင် ပြောချင်သည့် စကားများ အပြည့်ရှိနေသည်ဟု ထင်ခဲ့မိသည်။ သို့သော် ရန်ကျားလိနှင့် အမှန်တကယ် ဆက်သွယ်ခွင့် ရသွားခဲ့သောအခါ ရုတ်တရက် သူ့လည်ချောင်းထဲတွင် စိုစွတ်နေသော ဝါဂွမ်းစလေး ပိတ်ဆို့နေသကဲ့သို့ မည်သို့သော စကားမှ ပြောထွက်မလာတော့ဘဲ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ ဖြစ်နေတော့သည်။

အတန်ကြာကာမှ ယဲ့ထင်သည် အာဒမ်ပန်းသီးကို လှုပ်ယမ်းလိုက်ပြီး တိုးဖျော့ဖျော့ မေးသည်။

"ခုတလော....ဖြတ်သန်းရတာ အဆင်ပြေရဲ့လား"

ရန်ကျားလိက ဝမ်းသာအားရ ပြန်ဖြေလာသည်။

"စားလို့လည်းကောင်း အိပ်လို့လည်းပျော်တယ်။ ဝက်မွေးမြူရေး သင်တန်းတောင် ဖွင့်တော့မလို့၊ မဆိုးပါဘူး"

ယဲ့ထင်သည် ရန်ကျားလိ၏ ပေါ့ပါးလန်းဆန်းသော လေသံကို နားထောင်ရုံဖြင့် သူသည် အမှန်တကယ် ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေထိုင်နေကြောင်းအား ခန့်မှန်းမိပါသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now