82

9.6K 1.5K 147
                                    

{Unicode}

"သေသွားရင်တောင် လက်မလွတ်ဘူး"

ယဲ့ထင်သည် လက်ဝှေ့ထိုး လက်အိတ်ကို ကိုင်ပြီး ရှောက်ယယ်ထံ လျှောက်လာသည်။

ရှောက်ယယ်သည် ယဲ့ထင်၏ ပုံရိပ်ကို ဖြတ်ခနဲ မြင်လိုက်ရသောအခါ သဲအိတ်ကို နောက်ဆုံးအကြိမ် ထိုးချလိုက်ပြီး လက်ဝှေ့ထိုးခြင်း အမှုကို ရပ်တန့်လိုက်သည်။ သူသည် ပင့်သက်ရှိူက်နေပြီး နဖူးတွင်လည်း ချွေးစေးများ တသွင်သွင် စီးကျနေကာ တစ်ကိုယ်လုံးတွင်လည်း ဟော်မုန်းရနံ့များ မပြတ်မလပ် ထုတ်လွှတ်ပေးနေ၏။

နံဘေးတွင် ရပ်နေသည့် ကောင်လေး၏ မျက်လုံးအကြည့်မှာ အလင်းရောင်များ ဆောင်ကျဥ်းပေးနေပြီး သူသည် လျင်လျင်မြန်မြန်နှင့် ရှောက်ယယ်ထံ မျက်နှာသုတ်ပဝါနှင့် ရေကို လှမ်းပေးလိုက်သည်။

ယဲ့ထင်သည် တစ်ဖက်က လက်အိတ်ဝတ်နေရင်း တစ်ဖက်က အကြည့်များနှင့် ထိုကောင်လေးကို ညွှန်ပြကာ

"ဘယ်လို ဖြစ်တာလဲ။ လက်ဝှေ့ထိုးတာတောင် လူက ခေါ်လာသေးတယ်။ ဒါက ဘယ်သူလဲ"

ရှောက်ယယ်က စကားမဆိုသေးဘဲ ရေများကို ပါးစပ်ထဲသို့ ဂလုဂလုနှင့် လောင်းထည့်နေသည်။ ထိုအမျိုးသားလေးက ပြုံးရွှင်စွာနှင့် သူ့ဘက်မှ စတင်ကာ စကားဆိုလာသည်။

"ဥက္ကဌယဲ့၊ မင်္ဂလာပါ။ ကျွန်တော်က ဥက္ကဌရှောက်ရဲ့ သူငယ်ချင်း၊ ဖု(fu) မျိုးရိုးပါ။ ကျွန်တော်က လက်ဝှေ့ထိုးတဲ့ လှုပ်ရှားမှုတွေကို အရမ်းကြိုက်တာ၊ လက်ဝှေ့ထိုးတဲ့ ယောက်ျားတွေကလည်း အရမ်း (စတိုင်)မိုက်တယ်လေ။ ဥက္ကဌရှောက်က လက်ဝှေ့ထိုး လေ့ကျင့်မယ်ဆိုတော့ ကျွန်တော်က ကျွန်တော့်ကိုပါ ခေါ်သွားပေးဖို့ တောင်းဆိုခဲ့တာပါ။ တစ်လက်စတည်း ကျွန်တော့်ကိုပါ သင်ပေးပါဦး ဆိုပြီးတော့ပေါ့"

ယဲ့ထင်သည် သူတစ်ပါးက မိမိအပေါ်တွင် အိမ်ရှင်ကဲ့သို့ လက်ဦးမှုယူပြီး ပြုမူဆက်ဆံတာမျိုးကို အမုန်းဆုံးပင်။

သူသည် ထိုကောင်လေးကို အရေးပင် စိုက်ခဲ့သည် မဟုတ်သော်လည်း သူကိုယ်တိုင်က မိမိနှင့် ရှောက်ယယ်၏ စကားဝိုင်းထဲ ဝင်ရောက်စွက်ဖက်လာသောအခါ ယဲ့ထင်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် အပြုံးနှင့်

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now