84

9.9K 1.6K 198
                                    

{Unicode}

"ကိုယ့်ကို ချစ်သေးရဲ့လား"

ရန်ကျားလိသည် ယဲ့ထင်ကြောင့် လန့်သွားရ၏။

ယဲ့ထင်နှင့် ပြန်လည်တွေ့ဆုံ ဖြစ်ခဲ့ချိန်ကတည်းက ယဲ့ထင်တစ်ယောက် ထိုကဲ့သို့ လေသံမျိုးနှင့် စကားပြောဆိုသည်ကို မကြားခဲ့ဖူးပေ။

ပုံမှန်ဆိုလျှင် ယဲ့ထင်သည် အတိုင်းထက်အလွန် သနားညှာတာစိတ်ကင်းကာ ပါးစပ်ဟလိုက်သည်နှင့် ခြိမ်းခြောက် အကျပ်ကိုင်တာမျိုးသာ ထွက်လာပြီး လူအား ဖိနှိပ်ချုပ်ချယ် ညှစ်သတ်ချင်နေခဲ့တာမျိုးပင်။

သို့သော် ယခု ဖုန်းလိုင်းထဲမှ ယဲ့ထင်မှာတော့ မထင်မှတ်ထားစွာပင် အစွယ်များ အနုတ်ခံထားရပြီး ယဥ်ပါးအောင် အသင်ပြခံထားရသည့် သားရဲကောင်ကဲ့သို့ တစ်ခဏအတွင်း လူသားတို့နှင့် သဟဇာတ ဖြစ်သွားကာ နာခံမှု ရှိလှစွာနှင့် နူးညံ့ ကျိုးနွံနေတော့သည်။ လေသံမှာလည်း ပုံမှန်ဖြစ်လို့နေသည်။

ရန်ကျားလိသည် သတိကြီးကြီးထားပြီး မေးလာသည်။

"မင်းတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ"

ဖုန်းလိုင်းတစ်ဖက်မှ ယဲ့ထင်သည် ပြုံးရယ်လာပြီး

"တစ်ပတ်မှာ တစ်ခါရတဲ့ အခွင့်အရေးဆိုတော့၊ ကိုယ်က မင်းနဲ့ စကားပြောချင်ရုံပါ.....ပေါင်ပေါင်း၊ ကိုယ်မင်းကို သိုးရုပ်တွေ အများကြီး ဝယ်ပေးချင်သေးတာ၊ အဲ့အချိန်ကျရင် ကြမ်းပြင်အပြည့် ဖြစ်နေတော့မှာဆိုတော့ တကယ်လို့ မင်းသာ ပြန်လာခဲ့ရင် ကြမ်းပြင်ပေါ် ပြုတ်ကျရင်တောင် မနာလောက်တော့ဘူး။ ဒါနဲ့လေ၊ မင်းကိုယ့်အတွက် ပန်ကိတ် မလုပ်ကျွေးတာတောင် အကြာကြီး ရှိပြီနော်။ အရင်ရက်တုန်းကတောင် ကိုယ် စမ်းလုပ်ကြည့်သေးတယ်။ ရလဒ်ကတော့ တူးသွားတာပါပဲ။ မင်းလုပ်ပေးတဲ့ အရသာမျိုးလည်း မရဘူး။ ကိုယ် မင်းလုပ်ပေးတာကို စားချင်နေတုန်းပဲ.....ပြီးတော့ မင်းကိုလည်း လွမ်းတယ်"

ရန်ကျားလိသည် ထိုသို့သော ယဲ့ထင်နှင့် အနည်းငယ် အသားမကျနိုင် ဖြစ်နေသည်။ သို့သော်လည်း ယဲ့ထင်ပြောသည့် အကြောင်းအရာနောက် လိုက်ပြီး တစ်ခဏတော့ စကားစမြည် ပြောခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now