Scene (3)

49K 219 0
                                    

Unicode

"ဒါဆို ည ၈ နာရီလောက် ကိုယ် ရတီ့ အိမ်ကို လာခဲ့မယ်နော်"

"အသင့်ပြင်ထားပြီး စောင့်နေပါ့မယ်"

Conversation ပြီးသည်နှင့် Chat Head ကို သိမ်းကာ သူရ ရေချိုးဖို့ ပြင်လိုက်သည်။ နာရီကို လှမ်းကြည့်တော့ ၅ နာရီ။ ဒီနေ့ည ၈ နာရီတွင် သူရနဲ့ ရတီက ရတီ့အိမ်မှာ အတူအိပ်ဖို့ သဘောတူထားခြင်းပါ။ သူရအိမ်နဲ့ ရတီ့အိမ်က လမ်းသာခြားပြီး တစ်ရပ်ကွက်တည်းဖြစ်တာကြောင့် သူသူငါငါ အိမ်ထဲဝင်ကြချိန် ညမှောင်ပြီဆိုမှ ဘယ်သူမှသတိမထားမိအောင် တိတ်တိတ်လေး သွားဖို့ဖြစ်လာသည်။

သူရက နေ့တိုင်း အလုပ်အသွားအပြန်ရှိရာ ချစ်စရာကောင်းတဲ့ ရတီ့ကို သတိထားမိပြီး မကြာသေးခင်ကမှ ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်ပြောပြမှုကြောင့် ရတီ့အကောင့်ကို သိရပြီး သွား add ကာ စကားစထားခြင်းဖြစ်သည်။ စကားပြောကြည့်တော့ သူမကို ကြည့်ကြည့်သွားတဲ့ သူရကို သူမကလည်း သတိထားမိနေတာကြာပါပြီဆိုတဲ့အကြောင်း မိဘတွေမရှိတဲ့အချိန် အိမ်ကိုလည်း လာလည်နိုင်တဲ့အကြောင်း ပြောမိရာက အခုလို စကားအထိ ရောက်သွားရသည်။

ရတီ့မှာ အဖေရော အမေရောရှိသော်လည်း နယ်မှ ရတီ့ အမေရဲ့ အစ်မက ဆုံးလေရာ အဖေရော အမေပါ နယ်ဆင်းဖို့ ဖြစ်လာသည်။ ရတီ့ကိုခေါ်သော်လည်း ရတီက မလိုက်ချင်၍ အိမ်မှာ တစ်ယောက်တည်း ကျန်ထားခဲ့ပြီး မိဘတွေကလည်း အိမ်သော့ကို သေချာခတ်ဖို့နှင့် ဂရုတစိုက် သတိနဲ့နေဖို့ မှာထားခဲ့ပြီး နေ့လယ်ကားဖြင့် နယ်သို့ ဆင်းလေသည်။

သူရက အိမ်က အဒေါ်အား သူငယ်ချင်းအိမ်မှာ သောက်ရင်းစားရင်းအိပ်မှာလို့ လိမ်ထားခဲ့ပြီး မိုးမချုပ်ခင်ကတည်းက ထွက်လာလိုက်သည်။ မိုးချုပ်ရင် သူ့အဒေါ် မလွတ်တော့မှာ စိုးရိမ်သည်လေ။

မြို့ထဲ ဆိုင်ကယ်ပတ်စီးလိုက်ပြီး မြစ်ကမ်းဘေးရှိ ခုံတန်းလေးတွေတွင်ထိုင်ကာ ဆေးလိပ်သောက်နေပြီး အချိန်တွေကို ကုန်ဆုံးစေလိုက်သည်။ မိုးချုပ်သည်အထိ အပြင်မှာနေလိုက်ပြီး ၈ နာရီမထိုးခင် မှောင်စပြုပြီဆိုသည်နှင့် ရတီ့အိမ်ကို သွားလိုက်သည်။ လမ်းမကြီးမှာ ဆိုင်ကယ်တွေစည်နေပေမယ့် သူတို့ရပ်ကွက်လမ်းလေးတွေမှာတော့ တိတ်ဆိတ်နေပြီဖြစ်သည်။
အိမ်ရှေ့ရောက်တော့ သူရက ရတီကို ဖုန်းခေါ်လိုက်သည်။

Sex Scenes 🔞Where stories live. Discover now