Scene (4)

41.3K 185 4
                                    

Unicode

ဒီတစ်ပိုင်းက အနူးညံ့ဆုံးဖြစ်အောင်ရေးထားတဲ့ အပိုင်းလေးပါ

______________________

ကျောင်းဝန်းအရှေ့ရောက်သည်နှင့် ဆောင်းနှင်းက သူမသူငယ်ချင်းဆိုင်ကယ်အနောက်မှ ဆင်းလိုက်ပြီး

"ညနေ ကျောင်းဆင်းချိန်အမှီ ပြန်လာမယ်နော်
ကျေးဇူးပဲ သူငယ်ချင်း တာ့တာ"

ဟု ဆိုကာ ကျောင်းအတူသွားသော သူငယ်ချင်းကို နှုတ်ဆက်လိုက်ပြီး လမ်းဟိုဘက်တွင် ရပ်ထားသော ကားဆီသို့သွားကာ ကားထဲဝင်လိုက်သည်။

"ကိုကို စောင့်ရတာ ကြာသွားလား"

"မကြာပါဘူး သဲလေးရ
သဲလေး ဒီနေ့လည်း အရမ်းလှနေတယ်ကွာ
ပျော်ရွှင်စရာ ၅ လပြည့်နေ့လေး ဖြစ်ပါစေ ကိုကို့ချစ်သူလေး
အရမ်းချစ်တယ် မွ မွ"

သူရိန်က ပြုံးယောင်သန်းနေတဲ့ဆောင်းနှင်းပါးလေးတွေကို အသံပြုကာ နမ်းရှိုက်လိုက်သည်။

ဆောင်းနှင်းက ပထမနှစ် မြန်မာစာကျောင်းသူဖြစ်ပြီး ပထမနှစ်မြန်မာစာမေဂျာ Queen၊ သူရိန်က နောက်ဆုံးနှစ် E major ကျောင်းသားဖြစ်ကာ သူက သူတို့နှစ်တွင် Major Prince ဖြစ်သည်။ မြန်မာစာ Queen နှင့် E major Prince တို့မှာ မတော်တဆ တွေ့ဆုံမှုလေးတွေကြောင့် သိကျွမ်းရပြီး ချစ်ခင်စုံမက်ကြရာ ကျောင်းတွင် နာမည်ကြီး အတွဲတစ်တွဲဖြစ်လေသည်။

ဒီနေ့က သူတို့ရဲ့ ၅ လပြည့် အမှတ်တရနေ့ဖြစ်ပြီး ကျောင်းဖွင့်ရက်နှင့်ကြုံရာ ကျောင်းလစ်ကြပြီး အပြင်မှာ Date လုပ်ကြဖို့ဖြစ်သည်။

သူရိန်က ကားမောင်းနေသော်လည်း ဘေးနားတွင် မြန်မာဆန်ဆန် ရင်ဖုံး ထဘီလေးနှင့် ချစ်သူကိုသာ အကြည့်မလွဲနိုင်ဖြစ်နေလေသည်။ ဒါတောင်မှ ကား
Steering Wheel ကို တစ်ဖက်နှင့်သာ ထိန်းကိုင်ပြီး တစ်ဖက်က ဆောင်းနှင်းလက်တွေကို လက်ချောင်းချင်း ဆုပ်ကိုင်ထားသေး၏။

ဆောင်းနှင်းဆိုတဲ့ နာမည်အတိုင်း သူမကလည်း ရှမ်းဗမာကပြားလေးမို့ ဖွေးဥနုဖတ်နေပြီး ခွက်နေသော ပါးချိုင့်လေးနှစ်ဖက်လည်းပါရာ နှုတ်ခမ်းလေးလှုပ်လိုက်ရင်ကို အရာလေးထင်သွားသော သူမပါးလေးတွေမှာ သိပ်ကို နမ်းမွှေးချင်စရာကောင်းလွန်းသည်။ မြန်မာဆန်ဆန်ဝမ်းဆက်ကလေးတွေနဲ့ အနေများတဲ့သူမက ဘယ်အချိန်ကြည့်ကြည့် ငေးနေချင်စရာကောင်းအောင် သိပ်လှလွန်းသည့် ပန်းချီကားတစ်ချပ်ပင်။

Sex Scenes 🔞Where stories live. Discover now