Scene (6)

37.6K 192 10
                                    

Unicode

🚨 အရင်အပိုင်းတွေထက် အသုံးအနှုန်းရိုင်းတာမို့ ရိုင်းတာ မကြိုက်တဲ့သူတွေ ကျော်သွားပေးနော်။ အရမ်းကြီးတော့ မရိုင်းပေမယ့် နည်းနည်းတော့ ရိုင်းသွားတယ်။ 🚨

______________________________________

ကျွန်တော့်နာမည် အောင်မြတ်စံ။ အသက်က ၂၄ နှစ်။ ကျွန်တော် Webtoon ရေးတယ်။ ငယ်ငယ်ကတည်းက ပန်းချီဆွဲရတာကို ဝါသနာပါတာမို့ ခဲ၊ ရေဆေး၊ ဖယောင်း၊ paint အကုန် ဆွဲဖူးတယ်။ အခုတော့ Digital ပိုင်းရောက်နေပြီး Professional Webtoon Artist ပေါက်စလေးပဲ ဆိုပါတော့။ ဇာတ်ညွှန်းကို ကိုယ့်ဘာသာလည်း ဖန်တီးတယ်။ သူများ လာအပ်တာတွေလည်း လက်ခံတယ်။

လွတ်လွတ်လပ်လပ်နေချင်တဲ့ ကျွန်တော်က မိသားစုနဲ့ ခွဲနေတယ်။ တိုက်ခန်းက သိပ်မကျယ်ပေမယ့် ကျွန်တော့်အတွက် လုံလောက်တယ်။ အခန်းက နှစ်ခန်းတည်း၊ အိပ်ခန်းရယ်၊ သန့်စင်ခန်းရယ်။
အိပ်ခန်းလည်း ဒါပဲ၊ ဧည့်ခန်းလည်း ဒါပဲ။ တစ်ယောက်တည်းနေတာဆိုတော့ အခန်းအများကြီးလည်း မလိုဘူးလေ။

ညရောက်တော့ Horny လာတာနဲ့ ကျွန်တော်လည်း Dick စုပ်နေတဲ့ ကောင်မလေးပုံတွေကို စိတ်ကူးထဲ ပုံဖော်လိုက်ပြီး Screen ပေါ် ရေးခြစ်နေမိတယ်။ ကျွန်တော်သဘောကျတဲ့ မိန်းကလေးပုံစံက ဆံပင်ရှည်ရမယ်။ မကိတ်ဘဲနဲ့ ပိန်ပိန်​သွယ်သွယ်လေးတွေကို သဘောကျတယ်။ နောက်ပြီးအသားဖွေးတဲ့ ကောင်မလေးတွေကို သဘောကျတယ်။

ရေးခြစ်နေရင်းမှ ပုံပေါ်လာတော့ တော်လိုက်တဲ့ ငါပါလားဆိုပြီး ချီးကျူးမိတယ်။ Colour ထည့်တော့ ကောင်မလေးအသားအရည်ကို ခပ်ဖျော့ဖျော့လေးထည့်လိုက်ပြီး ဆံပင်ကိုအနီရောင်လေး ဖြည့်လိုက်ရာ ကျွန်တော့် Type မှ ကျွန်တော့် Type ပင်။

စားပွဲအံ့ဆွဲထဲက ဆေးလိပ်ဗူးကို ဖွင့်ကြည့်တော့ တစ်လိပ်မှ မကျန်တော့။ ဟုတ်သားပဲ ဒီနေ့ ဝယ်ဖို့ မေ့ခဲ့တာ။ ဆေးလိပ်က ဆွဲနေပြီမို့ သောက်ချိန်တန်ရင် သောက်ကိုသောက်လိုက်ရမှပင်။ မဟုတ်ရင် အိပ်တဲ့အခါ ဘယ်လိုမှအိပ်မရ။

ပြောရင်းနဲ့ ကားက အိမ်က အစ်မ ယူသွားရာ မနီးမဝေး Mini Mart အလင်းဆိုင်လေးသို့ ခြေကျင်သွားရတော့မှာပါလား။

Sex Scenes 🔞Where stories live. Discover now