Ep -21 Un

7.1K 262 11
                                    

အလုပ်လုပ်တာက ခုပိုပြီး နှစ်စပိုလုပ်နေရပြီးဖြစ်သည်။ အရင်က ဒီဇိုင်း ဆွဲပြီး အပ်လိုက်ရင်ရပြီး ခုက ကိုယ် ကိုယ်တိုင်ပါ ဝင်ပြီး အကုန်စီးမံနေရသည်။ ခုမှ မနက်၉နာရီရှိသေးတယ် နေကအတော့ကို ပြင်းနေပြီး ဟိုအကောင်ကတော့ ခုထိမထွက်လာသေး ကောင်းပါတယ်မထွက်လာတာဘဲ နောက်မို့ဆို စကားက များရဦးမှာ ပြီးရင် ဘာတွေရစ်ဦးမလဲမသိ။

"ညီ!"

ဘုန်းလည်း အနောက်မှ ခေါ်သံကြားတာကြောင့် ဦးတုပ်ကို အသာပင့်ပြီး လှည့်ကြည့်လိုက်တော့ အရင်က သူလာဆော့တုန်းက သူနဲ့အမြဲလာကစားပေးတဲ့ ကိုကြီးရဝေဖြစ်သည်။

"ကိုကြီးရဝေ !"

ဆိုပြီး အားရဝမ်းသာ ‌ခေါ်ရင် ရဝေ နားကို လျှောက်သွားလိုက်သည်။

"ညီက ရောက်နေတာတောင် အကို့ကို အကြောင်းမကြားဘူး ၊ ဒါတောင် မိညိုမနေ့က အိမ်က မိဖြူဆီ လာလည်မှ အကို့ကိုပြောမှ အကိုသိတာ ညီကို အကို စိတ်ဆိုးတယ်  ၊ ဒါနဲ့ အိမ်မှာ မုန့်လုပ်လို့ ဒေါ်ကြီးကိုပေးခဲ့တယ်နော် ညီ "

"ဟုတ် ကျေးဇူးဘဲ အကို နေ့လယ်မှ သွားစားတော့ မယ်  ၊ ခုညီ မအားလို့ ခုတောင် မအားဘူးလေ ကြည့်ပါလာ အကိုလည်းတွေ့ရက်သာနဲ့  စိတ်တော့မဆိုးနဲ့လေ အားရင် မုန့်လိုက်ကျွေးမယ် ဟုတ်ပြီးလာ~"

"ရပါတယ်ဗျာ အကိုက စတာ "

ဆိုပြီးခေါင်းလေးကို ပုတ်လိုက်တော့

"ဟီးဟီး ၊ အကိုလည်း ချစ်ဖို့ကောင်းတဲ့ယောကျာ်းလေးရနေပြီးဆို ဘယ်နှယ့်ထုတ်တောင်
မပြပါလား "

"အိမ်မှာ ကျန်ခဲ့တယ် လိုက်မယ်ကြီးလုပ်နေတာ ကြည့်တော့ဖြင့်နေက မကောင်းတာကို ဇွတ်လိုက်ချင်နေတာလေ သူ့ကိုမခေါ်ရပါ့မလာဆိုပြီး စိတ်ကောက်ကျန်ခဲ့လေတယ် ၊အိမ်ရောက်ရင်တော့ ချော့တော်မူရဦးမယ် အကို့အဖြစ်က ယောကျာ်းရတာမဟုတ်ဘူး ကလေးတစ်ယောက်ရတာ "

"ဟားဟား"

ဘုန်းမျက်လုံးလေးများ မှေးတဲ့အထိရယ်‌လို့နေသည်။
ထိုအဖစ်ကိုကြည့်နေတဲ့ သက်တံ့မှာလည်း
ဒေါသထွက်နေသည်။
*အဟက်ကျုပ်နဲ့ဆို ရယ်ဖို့နေနေသာ ပြုံးတောင်မပြုံးတဲ့ ခဗျားက တခြားသူနဲ့ဆို ဒီလိုလာ ဘုန်းခရား ခဗျားက ကျုပ်ကအမြဲတမ်း ကြမ်းနေရစ်နေ ဆိုးနေမှကြိုက်တဲ့လူမျိုး အဲ့တော့ ကျုပ်က ဆိုးပေးရမှာပေါ့ ပြီးတော့
ခဗျားရဲ့ အဲ့လိုအပြုံးတွေ ခံစားမှုတွေအကုန်က ကျုပ်ကြောင့် ဖြစ်လာတာဘဲလိုချင်တာ  *

 သက်တံ့🌈Where stories live. Discover now