Ep -22 Un

6.4K 326 3
                                    

ဒီနေ့တစ်နေကုန် မနားရဘူး ဒီဘက်က ကလောဘက်မှာ ခြံတွေကို ဝယ်ထားပြီး အပန်းဖြေစခန်းဆောက်မို့ လိုအပ်တဲ့ အချက်အလက်တွေ အစီအစဉ်တေွကိုတစ်နေကုန် အစည်းအဝေးအခန်းထဲမှာ လူအိုကြီးတွေနဲ့ စကားပြောရတာ တောတောစိတ်ညစ်ဖို့ကောင်းတယ် ။
ပြီးတော့ ခြံမှာ ကျန်ခဲ့တဲ့ ဟိုလူကိုလည်း တစ်နေကုန် စိတ်မချ ဖုန်းခေါ်တော့လည် တောတောနဲ့ မကိုင် ကိုင်ရင်လည်း စကားအကောင်းမပြော ဘုကကန့်ပြောပြီး ဖုန်းချသွားတယ် ဒီက ကျုပ်က ခင်ဗျားကြောင့် လူအိုကြီးတွေနဲ့ အလုပ်အပင်ပန်းခံ နားညည်းခံပြီး လုပ်နေတာ ဘုန်းခရား ။
ခုအခန်းထဲဝင်လာတော့လည်း လူကို တစ်ချက်လှည့်မကြည့် MacBook တစ်လုံးနဲ့သာအလုပ်ရှုပ်နေသည်။

"ခင်ဗျား လင်ပြန်လာပြီး "

ရေချိုးခါနီ ရေချိုးခန်းအပေါက်နားမှာအကျကို ချွတ်ရင် ကုတင်ပေါ်က အဖြူရောင်ကောင်လေးကို လှမ်းပြောလိုက်တော့။

MacBookကို အာရုံးစိုက်နေတဲ့ အကြည့်လေးတွေက သက်တံ့ကို ခဏတာ ပြန်လှမ်းကြည့်ပြီး MacBookဆီသာပြန်ရောက်သွားသည်။

သက်တံ့လည်း ထိုလူသားဆီ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားပြီး။ လက်ထဲက MacBookကို ဆွဲယူပြီး ကုတင်ခြေရင်းကို ပစ်လိုက်ပြီး ထိုလူသားလေးအပေါ်အုပ်မိုးလိုက်ပြီး နူတ်ခမ်းတွေကို စတင်နမ်းရှိုက်စုပ်ယူ စားသုံးနေသည်။
ခင်ဗျား နူတ်ခမ်းလေးတွေက ကျုပ်အတွက် အဆင့်မြင့် မူးယစ်ဆေးလိုဘဲ ခရား သုံးပြီးရင် ပြန်ဖျတ်လို့မရဘူး ခင်ဗျား နှုတ်ခမ်းသားလေးကို ကျုပ်စားသုံးနေတဲ့ အချိန်တိုင် လွှတ်မပေးချင်လောက်အောင်နှစ်သက်တယ် ခရား။

"မင်း ! အ့ အရိုင်း . အွန့်"

"ပြွတ်"

"အင့် "

"ဖြန်း ! ဖြန်း!"

နှုတ်ခမ်းတွေကို ကိုက်ပြီး စုပ်တာကြောင့် နာကျင်မှုက အဆမတန် ညက တစ်ခါ မနက်ကတစ်ခါ ခုတစ်ခါ နှုတ်ခမ်းကတောတောဖူးရောင်နေသည်။ အရမ်းနာတာကြောင့် လွှတ်ပေးအောင် သူ့ရဲ့ ကျစ်လစ်ပြီး မာတောင့်နေတဲ့ ခါးကို ဆောင့်တွန်းလည်းမရ
လက်မောင်းသားတွေကို ရိုက်လည်းမလွှတ်ပေး ။

 သက်တံ့🌈Where stories live. Discover now