Ep- 30 Un

6.4K 255 6
                                    

  "မဂ်လာပါ မောင်လေး အမတို့ အကုန်ပြင်ထားပါပြီးမောင်လေး "

ဆိုင်ထဲဝင်ဝင်ချင် မိန်းကလေးတစ်ယောက်က နှုတ်ဆက်ရင် စကားဆိုလိုက်သည်။

"အွန်း "

သက်တံ့ဘေးက လူလက်ကို ဆွဲရင် ဆိုင်ထဲဝင်လာပြီး ဆိုဖာပေါ်ဝသ်ထိုင်လိုက်သည်။

"ဘာသောက်မလဲ မောင်လေးတို့ "

"ရေဘဲပေးပါအမ"

ဘေးကလူကဖြေလိုက်တော့ သက်တံ့ခေါင်းတစ်ချက်သာ ထိုမိန်းကလေးကို ညိမ့်ပြလိုက်သည်။

"ဟုတ်အဲ့ဆို ယူခဲ့ပါမယ်ရှင့်"

ထိုကောင်မလေးထွက်သွားတော့ ခုနက အမက စကားစလာသည်။

"အမတို့ အကုန်ပြင်ပြီးပြီ မောင်လေးအမျိုးသားအတွက် ပြင်ထားတာ အမျိုးစားနှစ်ခုရှိတယ် ပထမတစ်ခုက (cosstores)အဲ့အထည်ကကြတော့ Hoodieသန့်သန့်လေးနဲ့ စတိုင်ကျတယ် ပြီးတော့ Cos Relaxed - fit Hoodie သူက ချည်သားကောင်းပြီး အသားကျသလို ဒီဇိုင်းသပ်ရပ်မှုကြောင့် နာမည်ကြီးတယ် Relaxed - fit ဖြစ်လို့ နည်းနည်းလေးပွတယ် ဈေးမြောက်တာကလွဲရင် စမတ်စတိုင်းဖြစ်လို့ ရွေးချယ်သင့်တယ် "

‌ဝန်ထမ်းမိန်းက‌ေလးက သက်တံ့နဲ့ ဘုန်းကို တစ်ချက်ကြည့်ရင် နောက်တစ်ထည် ဆက်ရှင်းပြသည်။

"နောက်တစ်ထည်ကကြတော့(Unrecorded) ပုံမှန်နေ့စဉ်ဝတ်ဖို့အတွက် အဆင်ပြေတဲ့ Hoodie နာမည်အတိုင်း သဘာဝအော်ဂဲနစ်ချည်နဲ့ ရက်လုပ်ထားပြီး သူက အရောင်မျိုးစုံထွက်တယ် အသားထူလို့ ဆောင်းတွင်းဝတ်ရတာအဆင်ပြေတယ် အောက်မှာ တီရှပ်တစ်ထည်ပါလို့ သက်သောင့်သက်သာဖြစ်တယ် "

"အွန်း ပထမ (Cosstores )အဲ့ဒါရော ဒုတိယဟာ (Unrecorded )အဲ့ဒါက ထွက်သမျှရောင်စုံလုပ်ပေးထားပါ ‌‌"

"ဟုတ်ပြီး မောင်လေး "

အရောင်ဝန်ထမ်း မိန်းကလေးများလည်း အကျ‌တွေယူပြီးထွက်သွားတော့။ဘေးက ဘုန်းက သက်တံ့နားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

"သက်တံ့များကြီးဘဲလေ "

"အရစ်မတက်နဲ့ ကျုပ်ဝယ်ပေးတာဘဲ ဝတ်စမ်းပါ "

 သက်တံ့🌈Where stories live. Discover now