𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 « 2 »

871 107 20
                                    

Unicode

" အစထဲက သူငယ်ချင်းအဖြစ်ရှိမနေခဲ့သင့်ဘူး ..."

နှုတ်ခမ်းထက်က စီးကရက်တစ်လိပ်၏ အငွေ့များကို ခံတွင်းထဲသို့ ရှိုက်သွင်းလိုက်ပြီးနောက် ...
ပြင်းရှရှ အငွေ့များအား နာကျည်းချက္များနှင့်အတူ တစ်ချက်တည်း ဖွာထုတ်လိုက်ရင်း ၊
မမေ့နိုင်ခဲ့သော အတိတ်က အကြောင်းများတွင်သာ ဆက်၍ ပိတ်မိနေခဲ့သည်။


"ဂျိတ် ... မင်းဘာလို့ ငါ့ညီလေးကို ငို ငိုအောင်လုပ်လိုက်တာလဲ "


" မင်းတကယ်ဘဲ မသိဘူးလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား "

" တကယ် ..တကယ်မသိတာပါ "

" အဲ့ဒါဆိုလည်း သေချာနားထောင် "

"အင်း"

" မင်းက ငါ့ထက်သူ့ကို ပိုပြီး အ‌ေရးပေးနေလို့"

" သူက ငါ့ညီ အ ..အရင်းမို့ "

"အဲ့ဒါတွေ ငါမသိချင်ဘူး ဘယ်သူနဲ့ပဲ ယှဉ်ယှဉ် မင်းငါ့ကို ဦးစားပေးရမယ် "

ကျွန်တော့်လိုချင်ခဲ့တယ် ...
တစ်စုံတစ်ယောက်ဆီက ဖြစ်ဖြစ် အလိုလိုက် အရေးပေးမှုလေးကိုလေ ။
သူကတော့ ကျွန်တော်လိုချင်တဲ့အရာကို
ပေးခဲ့ရှာပါတယ် ...

ကျွန်တော်က အဲ့ဒီအဖြူရောင်သံယောဇဥ္လေးကို အရောင်ဆိုးခဲ့သူတစ်ဦး မဖြစ်ခင် အချိန်ထိ ပေါ့ ။

" စောင့် .. စောင့်နေတာ ကြာသွားပြီလား "

" ကြာတာပေါ့ ...
ငါတို့ဒီနေရာမှာဆုံကြတိုင်း
မင်းက ငါ့ထက် အမြဲလိုလို ငါးမိနစ်နောက်ကျတယ် "

" ....... "

" ဘာလဲ မင်းအဲ့လိုပဲ တိတ်နေတော့မှာလား !"

" ထပ်ပြီး အထစ်ထစ်အငေါ့ငေါ့စကားတွေနဲ့ ငါ့ကို လာမရှင်းပြနဲ့ ဟေ့ရောင် ဆောင်းဟွန်း"

ဂျိတ်ပြောတာလည်း မမှားပါဘူး ...
သူက မွေးရာပါစကားထစ်နေတာမဟုတ်ပဲ တခါတရံသာ ဖြစ်ပြီး သူနှင့် ရွယ်တူကောင်လေးတစ်ယောက်ရှေ့သို့ ရောက်လျှင်သာ ပို၍ စကားတွေထစ်နေခဲ့ခြင်းပင် ။

𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]Where stories live. Discover now