𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 « 8 »

420 66 58
                                    

Unicode

မင်းနဲ့အတူကစားခဲ့တဲ့အရာတွေထဲမှာ နောက်ထပ်တိုးလာတဲ့ ကစားနည်း အသစ်တစ်ခုက စွန်လွှတ်ရတာ ....
လေပေါ်မှာ ပျံဝဲနေတဲ့ စွန်လေးထက်
​မင်း စွန်လွှတ်နေတဲ့ ပုံစံကို ကြည့်ရတာ ပိုသဘောကျမိတာကြောင့်လို့ ထင်တယ် ။

" ငါ့လက်တစ်ဖက္မှာ မီးခြစ်ရှိပြီး ဒီဖက်တစ်
ဖက္မှာ ချိုချဥ်သကြားလုံးလေးတွေရှိတယ် "

အရယ်အပြုံးမရှိတဲ့ မျက်နှာလေးမှာ သူ့အပြော​ကြောင့် ပို၍ပင် ခက်ထန်သွားရပုံရတယ် ...

" ဖွက္မထားပါဘူး မင်းကြိုက်ရာကို ရွေးချယ်လို့ရတယ် "

" ဒါပေမယ့် ဂျယ်ယွန်းက ဒုတိယအကြိမ်မြောက် ငါပေးတဲ့ သကြားလုံးလေးတွေကို ရွေးချယ်ပေးခဲ့ရင်တော့ ပိုပြီး ပျော်ရွှင်ရမှာပေါ့ "

" ဒါဆို မင်းမျက်လုံးတွေကို မှိတ်ထားလိုက် "

" ငါကြိုက်တဲ့ဟာ ယူမှာနော် "

" အွန်းပါ "

ထိုအချိန် အတွေးထဲပေါ်လာတာဟာ မနက်က ဆောနူးနှင့် ​ပြောဖြစ်ခဲ့တဲ့ စကားတွေသာ ဖြစ်၏။

" ရွေးနေပြီလား "

" ဟင် .. အင်း ရွေးနေတာပေါ့ ...
မင်းမျက်လုံးတွေမှိတ်ထားတာ သေချာရဲ့လား "

" သေချာပါတယ် မယုံရင် ... "

" နေပါ နေပါ "

တစ်ချက် တစ်ချက် တိုးဝှေ့လာသည့်
လေညှင်းတွေဟာ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကိုတော့ ဖုံးကွယ်သွားလို့ မရခဲ့ဘူး ...
ချိုချဥ်သကြားလုံးလေးတွေထည့်ထားသော ဘယ်ဘက် လက်ဖဝါးပေါ်သို့ ပွတ်တိုက်သွားသော နူးညံ့တဲ့အထိအတွေ့လေးက ဆောင်းဟွန်း၏ ပါးချိုင့်လေးများ ထင်းနေအောင် ပေါ်လာစေသည့် အကြောင်းအရင်းများ ဖြစ်နေမလား ။

နောက်တစ်ကြိမ်ရွေးချယ်ခိုင်းခဲ့ရင် မီးခြစ်ကို ရွေးချယ်မလားဆိုတာ မသိနိုင်တာကြောင့်
တစ်သက်လုံးအတွက် ဂျိတ်ရဲ့မီးခြစ်လေးကို သိမ်းထားလိုက်ချင်တယ် ။

ဆောင်းဟွန်းက ပြုံးပြီး စိုက်ကြည့်နေတယ်
မျက်နှာပူတယ်လို့တော့ မဟုတ်ပေမယ့် ...
တစ်စုံတစ်ယောက်ကို စေ့စေ့မကြည့်ရဲလောက်အောင် ခုန်မြည်နေတဲ့ နှလုံးသားကို အနားပေးဖို့လည်း လိုအုံးမှာပေါ့ ....

𝙼𝚢 𝚋𝚎𝚜𝚝 𝚏𝚛𝚒𝚎𝚗𝚍 [𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗♡︎]Where stories live. Discover now