Part 7 (uni & zawgyi)

1K 116 33
                                    

Th.."Jimin..yah...မင်းဟာကမပြီးသေးဘူးလားကွာ။မင်းဟာကဘယ်သွားမို့ဘယ်လောက်တွေပြင်နေတာလဲ။"

မနက်ကသူ့မှာနှုတ်ဆက်စရာလူတွေရှိပါသေးတယ်။ဒီနေ့အပြင်သွားမယ်ဆိုတော့ကိုယ်ကပါလိုက်မယ်ပြောလိုက်မိတာ၊ကိုယ့်ကျတော့မနောက်ကျစေနဲ့တဲ့၊သူကျပြင်နေတာမပြီးတော့ဘူး။

Jm.."လာပါပြီကွာ။မင်းကလည်းလောလိုက်တာ။ဖြေးဖြေးပေါ့။"

အပေါ်ကနေဆင်းလာတဲ့Jiminကိုကြည့်လိုက်မိတော့...စက္ကန့်ပိုင်းအနည်းငယ်လောက်ကိုအသက်ရှုရန်တောင်ပင်မေ့လျော့သွားရလောက်အောင်ပင်..
သူဆိုတဲ့လူသားလေးကလူသားလေးကလူကိုညို့ယူနိုင်လွန်းလှသည်။
အပေါ်ကshirtလက်တိုအပွအပြာရောင်လေးနဲ့ဂျင်းဘောင်းဘီအနက်အပွလေးကိုဝတ်ဆင်ထားသည်မှာ..သူ့ရဲ့ကြည်လင်နေတဲ့အသားအရေလေးနဲ့ပနံ့သင့်စွာပင်လိုက်ဖက်နေသည်။
အရင်ကအမြဲသပ်တင်နေကျဆံပင်အလယ်ခွဲလေးကိုလည်းယခုခပ်အုပ်အုပ်လေးနဲ့ပွယောင်းယောင်းလေးဖြစ်နေသည်မှာလည်း..သူ၏နဂိုချစ်စဖွယ်ရုပ်လေးကို "square" နှစ်ထပ်ကိန်းတင်လိုက်သလိုပင်..နှစ်ဆချစ်ဖွယ်ပိုကောင်းသွားသည်။

(ချစ်ကြောင်းစာဖွဲ့ရင်းလက်လွန်ကြက်သွန်ဖြစ်ကုန်ပြီးသချ်ာတွေရောက်ကုန်သောTaeပေ😑😑😑။)

Jm.."Kim Taehyung.......ရမ်းကုကောင်...။အရူးကောင်....!!!!!!!။"

Th.."အားး..ကြားပါတယ်ကွ။ဖြည်းဖြည်းအော်စမ်းပါ။ငါ့နားကန်းသွားဦးမယ်။"

Jm.."မင်းဟာကဒီလောက်ခေါ်နေတာတောင်မကြားတာ။အော်ပဲခေါ်ရတော့မှာပေါ့။"

Th..."😐😐😐။"

Jm.."နေစမ်းပါဦး။မင်းကဘာတွေအတွေးလွန်နေတာတုန်း။ဘယ်ကလူကိုလွမ်းနေတာလဲ။"

Th.."ဘာမှမဟုတ်ပါဘူးကွာ။မင်းကလည်းနော်ပြင်လိုက်တာများ၊နာရီလည်းကြည့်ဦးမင်းပြောထားတဲ့မချိန်နဲ့ဆိုနာရီဝက်လောက်ကိုနောက်ကျနေပြီ။"

Jm.."နာရီဝက်ပဲကို..တစ်နာရီမှမပြည့်သေးတာ။"

Th.."အော်..ငါကပဲတစ်နာရီပြည့်အောင်ထိုင်စောင့်ပေးရမယ့်သဘော။"

Jm.."အမလေး..မင်းကငါ့ဒီလောက်လေးနောက်ကျတာကိုလာငြူစူနေတာ။
တချို့သမီးရည်းစားတွေဆိုကောင်မလေးအလှပြင်တာရယ်၊ဘာရယ်ညာရယ်နဲ့ဆိုစောင့်ရတာနှစ်နာရီတောင်မကဘူး။"

My Parents are Tom & Jerry(Completed)Where stories live. Discover now