Part 12 ( uni & zawgyi)

803 116 26
                                    


Th.."Jimin naa....ထတော့...။Jimin naa။"

Jm.."အာ..papaကလည်းတစ်မိနစ်....။"

Th.."papaမဟုတ်ဘူး။တစ်မိနစ်လည်းမရဘူး။နောက်ကျနေပြီJiminရေထတော့။"

Jm.."အစောကြီးကိုလာနိုးနေတော့တာပဲ။"

Th.."မင်းကိုထားခဲ့မှာနော်။ငါဆေးရုံလည်းသွားရဦးမယ်၊မင်းကိုလည်းဝင်ပို့ခဲ့ရဦးမယ်ထတော့ကွ။"

Jm.."ထပြီ....ထပြီ...တကယ်ပဲ။ပွစိပွစိနဲ့အဘိုးကြီးရဲ့ထပြီ။"

TH.."ငါကအဘိုးကြီးဆိုမင်းကအဘိုးအိုပေါက်စလေး။"

Jm.."ငါကဖြင့်သုံးနှစ်သားလေးပါနော်။မင်းလိုမအိုစာဘူး။"

Th.."သွားတိုက်ပြီးမှဆက်ပြော။နံလို့။"

Jm.."မနံပါဘူး။အရူးရဲ့။"

Th.."တကယ်နံတာ။အမလေးး....ပါးစပ်ဟလိုက်တာနဲ့အနံကသင်းနေရော၊အနားမကပ်နဲ့သွားမတိုက်ရသေးပဲနဲ့။"

Taehyungနှာခေါင်းရှုံပြီးမျက်နှာမဲ့ကာပိုပိုသာသာလုပ်ပြသည်။

Jm.."နံတယ်ပေါ့လေ။နံစေရမယ်။ဟား..ဟား...နံလား။နံလား။"

Jimin...Taehyungရဲ့မျက်နှာနားတိုးကာပါးစပ်ကနေအာငွေ့မှုတ်ပြလေသည်။

Th.."ဟင့်အင်း....မနံဘူး။စားချင်စရာလေး။"

Taehyungကတော့သူနဲ့အနီးဆုံးရောက်နေတဲ့Jiminရဲ့ပါးဖောင်းဖောင်းလေးတွေနဲ့နှုတ်ခမ်းဖူးဖူးလေးကိုအကြည့်မခွာနိုင်။
Jimin မျက်နှာနဲ့သူ့မျက်နှာကလည်းအတော်လေးနီးနေတာက်ု။

Jm.."အဟမ်း....တော်ပြီ။မျက်နှာသွားသစ်တော့မယ်။မနက်စာပြင်ထားနော်။"

Th.."ပြင်စရာလား။မင်းပြင်ရမှာပေါ့။"

Jm.."ဘာ....။"

Th.."အေးလေ...ဘာလဲ။မင်းကငါ့တိုက်ခန်းမှာအလကားနေမလို့လား။
အလကားကတော့နေလို့မရဘူး။အိမ်ရဲ့သန့်ရှင်းရေးအချက်အပြူတ်ကိုမင်းပဲတာဝန်ယူရမယ်။"

Jm.."ရူးနေလား။ငါကမင်းခိုင်းဖို့မဟုတ်ဘူး။"

Th.."မလုပ်ချင်ရင်၊ပြန်လေမင်းappaတို့ဆီကို။"

Jm.."ပြန်စရာလား။အခန်းငှားနေမှာပေါ့။"

Th.."မင်းappaတို့ကခွငိ့မှမပြုတာ။ငါနဲ့ပဲစိတ်ချတာတဲ့လေ။"

My Parents are Tom & Jerry(Completed)Where stories live. Discover now