Ep1

2.3K 84 1
                                    

(ကမ်းလှမ်းခြင်း)

နာမည်ကြီးဂိုဏ်းများစွာနှင့်မြေအောက်လောကရဲ့
သားကောင်တို့ကျင်လည်ကျက်စားရာနေရာ ဖြစ်သည်
ဟုအမည်တွင်သည့် နိုက်ဖ်မြို့တော် ။ အစိုးရဝန်ထမ်း
ဖြစ်သည့်ရဲတွေပင် ဤမြို့တော်တွင်တာဝန်ကျလျှင်
မဆိုင်တဲ့နေရာဝင်မပါဘဲနေတတ်ကြသည် ။ ကိုယ့်
နေရာမဟုတ်ဘဲစည်းကျော်မိသည့်ရဲတိုင်း အသက်ရှင်သည်ကိုမရှိ။

မကောင်းမှုဒုစရိုက်တွေကိုလုပ်ကိုင်ကြတဲ့မြို့ဖြစ်သလို
တရားမဝင်ဂိုဏ်းတွေပါရှိသော်လည်း မြို့တော်ဖွံ့ဖြိုးမှု
ကအခြားမြို့တွေထက်သာလွန်ပြီး ဏိနိုင်ငံစီးပွားရေးကိုတစ်ဖက်တစ်လှမ်းအကျိုးပြုပေးသည့်အတွက်တော်ရုံတန်ရုံကိစ္စတွေဆိုအစိုးရကိုယ်တိုင် မျက်ကွယ်ပြုထားရသည် ။ မြေအောက်လောကဂိုဏ်းတွေဖြစ်သည့်အတွက် ကိုယ့်စည်းနှင့်ကိုယ်သာနေကြသည်။

ထို့ပြင်ဂိုဏ်းအမျိုးအစားများမှာလည်း လူသတ်ဂိုဏ်း
(သူတို့ကြည့်မရရင်စိတ်ပါသလိုလူထသတ်သည်)၊
ဓားခုတ်ကောင်ဂိုဏ်း(ဖြစ်သမျှရန်ပွဲတိုင်းအတွက်ဓား
ကိုသာအသုံးပြုသည်)၊ Toxဂိုဏ်း(ပိုက်ဆံရလျှင်
သတ်ခိုင်းသည့်လူကိုသတ်ပေးသည်) ၊မြေခွေးအိုများဂိုဏ်း(မူးယစ်ဆေးနှင့်လက်နက်အရောင်းအဝယ်အဓိကရောင်းချသည်) ဟူ၍သီးခြားဆီရှိတတ်သေးသည်။
ယင်းဂိုဏ်းတို့မှာမြို့တော်ရဲ့အကြီးဆုံးဂိုဏ်းတွေဖြစ်
သော်လည်း ဂိုဏ်းနာမည်မရှိဘဲအုပ်စုလိုက်မိုက်​နေ
သည့်အဖွဲ့များလည်းရှိသည်။

နိုက်ဖ်မြို့တော်နာမည်ကြီး​ကော်ဖီဆိုင်တစ်ဆိုင်တွင်
အနက်ရောင်ဝတ်လူများဖြင့် လုံခြုံရေးအပြည့်ယူထားမှုကြောင့်ဆိုင်အနီးလူရှင်းလျက်ရှိသည် ။ ဆိုင်အတွင်းထိုင်​နေသူက​တော့မည်သူမျှဂရုမစိုက်စွာ နာနတ်သီး​ဖျော်ရည်ကိုပိုက်ဖြင့် ဟန်ပါပါစုတ်သောက်နေသည်။ ကြက်သွေးနီရောင်suitအပေါ်အောက်ဝတ်ဆင်
ထားခြင်းကအသားဖြူ သည်နှင့် လိုက်ဖက်စွာမျက်နှာ
ထက်အေးစက်မှုကပင် ထိုလူ၏အရှိန်အဝါကိုခံစားမိ​စေသည် ။

"သိန်းငါးထောင်"

တစ်ဖက်လူရဲ့ဈေးခေါ်မှုကိုသဘောတကျရှိပေမယ့်
မျက်နှာထက်တွင်မဖော်ပြ​ပေ။

TARGET Where stories live. Discover now