Ep3

726 50 1
                                    


(အလှလေးသဝန်တိုခြင်း)

ကိစ္စအလုံးစုံဖြစ်ပြီးတစ်လကြာတဲ့အထိ အရာရာအဆင်ပြေနေခဲ့တယ် ။ အခုဆိုဂိုဏ်းပေါင်းစုံအစည်းအဝေးရောက်ဖို့နှစ်ရက်ပဲလိုတော့သည် ။ ဂိုဏ်းကြီးတစ်ခုအနေနှင့်တာဝန်လည်းရှိသလို အန္တရာယ်လည်းရှိသည့်အခြေအနေပင်။ ဂိုဏ်းငယ်သားတွေကိုလေ့ကျင့်ပေးထားသလို ခေါ်သွားမယ့်အဓိကလူတွေအထိသူကိုယ်တိုင် ဂရုစိုက်နေရသည်။ အရင်ဂိုဏ်းအစည်းအဝေးတွေမှာ အာဏာရဂိုဏ်းကြီးတွေသာတတ်ရောက်ရပေမယ့် အခုအစည်းအဝေးမှာအဖွဲ့အစည်းအ​သေးလေးတွေကအစ တတ်ရောက်မှာမို့သူအထူးသတိထားနေရသည်။

ဂျက်လက်အောက်ခံအဖွဲ့နှစ်ဖွဲ့ပါမည့်အပြင် စိမ်းညှို့ 
သျှင်မာန်တို့အဖွဲ့လည်းသေချာပေါက် တတ်ရောက်မှာပင်။ အရှက်မရှိတဲ့ကောင်ကသူသိမ်းယူထားတဲ့'နီးရာ'ကလပ်ကို တစ်ဝက်ပိုင်သည်ဆိုကာနေ့နေ့ညညဝင်ထွက်နေတတ်သည် ။usbအတွက်လျော်ကြေးဆိုကာသူ့အနားလိုက်ကပ်နေတတ်သေးသည်။

usbကစယူလာတဲ့နေ့မှာသူဖျက်ဆီးလိုက်ပြီဖြစ်သည်။ ဂျက်ကိုပေးလိုက်တဲ့ဟာကလည်း အတုကြီးဖြစ်တဲ့အပြင် 'နီးရာ'ကိုလည်းအပိုင်သိမ်းထားသည်မို့
ထိုကိစ္စကိုဂျက်ဘက်ကကျေနပ်မည်မဟုတ် ။'နီးရာ'ဆိုသောမိန်းကလေးကိုမွေးရပ်မြေပြန်ပို့ပေးသူက
သူထင်သလိုနှာဘူးတော့မဟုတ်ခဲ့ပေ ။ကိုယ်တစ်ယောက်တည်းလုပ်တဲ့ကိစ္စမဟုတ်တာမို့ စိမ်းညှို့ သျှင်မာန်ကိုပါအနားခေါ်ထားတာ သူ့အတွက်နစ်နာစရာမရှိ၊ လူအင်အားပိုများမည်မဟုတ်လား။

"ခေါင်းဆောင် နီးရာကလပ်မှာဂျက်လူတစ်ချို့ရောက်နေတယ် "

ဂိမ်းဆော့နေရင်းထပြောတဲ့အဂ္ဂစကားကြောင့် ဓားသွေးခြင်းအမှုကိုရပ်တန့်လိုက်သည်။

"စိမ်းညှို့ သျှင်မာန်ရှိလား"

"ရှိပါတယ်"

"လွှတ်ထားလိုက် ငါတို့ဘက်ကကောင်တွေကိုဝင်မပါနဲ့လို့ပြောလိုက်"

ခွေးအချင်းချင်းကိုက်မယ့်ပွဲမှာသူ့လူတွေတော့ အထိမခံနိုင် ။ ဘယ်သူနိုင်မလဲဆိုတာတွေးကြည့်ရုံနှင့်သိနိုင်သည်။ ဒါမှမဟုတ်ဂျက်လူတွေကပဲဦးနှောက်မရှိအသက်မနှမြောဘဲ လာကြသလားမသိ။

TARGET Where stories live. Discover now