Ep4

631 41 7
                                    


(အစည်းအဝေး)

ခြံရဲ့လုံခြုံရေးစနစ်က ခြံရှေ့သို့နီးကပ်လာသောဆိုင်ကယ်ပေါ်မှလူရဲ့မျက်နှာကို စစ်ပြီးနောက်ခြံတံခါးဟာ ဆိုင်ကယ်တစ်စီးဝင်ရုံမျှပွင့်သွားပြီး အလိုအလျောက်စနစ်ဖြင့်ပြန်ပိတ်သွားတော့သည်။ အိမ်ပေါက်ဝတွင်ဆိုင်ကယ်ကိုရပ်ပြီးဖွင့်ထားတဲ့ အိမ်တံခါးကြောင့်သူလာဖူးနေသောဒီအိမ်ကြီးရဲ့ အိမ်ရှင်ထိပ်ထားရဲ့အခန်းကိုဦးတည်လိုက်တော့သည်။

ခုနကလည်ပင်းပေါ်ကအမှတ်များကြောင့် သူစိတ်ဆိုးသွားတာသိပေမယ့် Gay Barကိုထွက်ပြေးသွားသူကြောင့် သူဆက်မလိုက်တော့ဘဲအဖွဲ့ကိုသာပြန်လိုက်တာဖြစ်သည်။ လူတွေကိုသတ်တာကြည့်ရဲ့တဲ့သူ့မျက်စိက
ရာဇ်ကိုတော့သူမဟုတ်တဲ့ကောင်တွေနဲ့ တွဲမြင်နေမှာကိုမကြည့်နိုင် ။ရာဇ်ကိုလည်းသူမတားနိုင်တာမို့ တစ်ယောက်တည်းနေလိုက်ခြင်းသာပိုအဆင်ပြေမည်ဟုထင်ခဲ့သည်။ ခုတော့ရာဇ်ကစိတ်ဆိုးတာတောင်သူ့ကိုသတိတရရှိနေသေးသည်ဟုဆိုရမည်။

"ရာဇ်"

အခန်းထဲအလျင်စလိုဝင်လာသောပုံရိပ်နှင့် ဆန့်ကျင်စွာထွက်လာတဲ့ နူးညံ့တဲ့အသံ။

အခန်းတစ်ခုလုံးရှင်းလင်းနေသည်မို့ ရာဇ်ရေချိုးနေလောက်သည်။ ဒီရက်ပိုင်းသူ့ရဲ့ရာဇ်အလုပ်တွေရှုပ်နေတော့ သူနဲ့ပင်အချိန်မဖြုန်းနိုင်ခဲ့ပေ ။ သူလည်းဒီလူ့အပေါ်ဘာ​ကြောင့်ဒီလိုပျော်ဝင်သွားလဲမသိပေ။

မေးခွန်းထုတ်လို့မဆုံးခင်ဘဲ ရေချိုးခန်းထဲကထွက်လာတဲ့ရာဇ်ကြောင့် နှလုံးသားကအလိုက်သိမှုကဦးနှောက်၏မေးခွန်းအား ရှင်းလင်းစွာဖြေဆိုသွားတော့သည်။

ရေချိုးထားလို့ရှင်းလင်းနေတဲ့မျက်နှာမှာ ရေစက်တွေကတစ်စက်နှစ်စက် ကပ်တွယ်နေသည်။ ရာဇ်မျက်တောင်တွေပေါ်ကရေစက်ကလေးက သူပင်ဖြစ်ချင်မိသည်။ ဒူးပေါ်နေတဲ့Bathrubeဖြင့် သူ့ဆီလျှောက်လှမ်းလာတဲ့ခြေထောက်လှလှလေးတွေက သူကျရှုံးဖို့လုံလောက်ပြီထင်သည်။ သို့သော်ချစ်ရသူလေးမှာသူ့ကိုကျော်၍ သူ့အနောက်မှမှန်တင်ခုံပေါ်က lotionဘူးကိုယူသွားပြီး ကုတင်ဘေးတစ်ဖက်မှထိုင်ရင်း သူ့ကိုလှမ်းလာဖို့ခေါ်သည်။

TARGET Where stories live. Discover now