Ep7

778 32 7
                                    


Zawgyi

(အမည်မသိဖျက်ဆီးသူ)

အအေးပိုင်းဒေသဘက်မို့ဏိနိုင်ငံရဲ့ ညအချိန်ရာသီဥတုကသာမန်ထက် ပိုအေးနေသည် ။ နွေရာသီနှင့်ဆောင်းရာသီအများဆုံးဖြစ်တဲ့ နိုင်ငံမှာတစ်လတည်းသာရှိသည့်မိုးရာသီ ။ထိုရာသီလတွင်တော့
ကမ်းနားနှင့်နီးတဲ့ကျေးလက်ဘက်များ ၊မြစ်ချောင်းတွေပေါများတဲ့နိုင်ငံအောက်ပိုင်းရှိနေရာများဟာ မိုးဥတုရဲ့ကျီစားမှုကိုပြင်းထန်စွာခံရသည် ။ ထိုသို့
သောအကြောင်းကြောင့် ဒဏ်ခံရသောနေရာများဟာနိုင်ငံရဲ့အခြားမြို့တွေနှင့်ယှဉ်လျှင် ဆင်းရဲချို့တဲ့နေရတာဖြစ်သည် ။

အစိုးရဘက်မှဖြည့်တင်းကူညီမှုများနှင့်အတူ အခြားမြို့တော်တွေမှကယ်ဆယ်ရေးအဖွဲ့များဟာလည်း သွားရောက်လှူဒါန်းကူညီကြသည်မို့ သာတော်သေးသည်။

ယခုထိုလအကုန်မို့ အစိုးရရဲ့ကာကွယ်ရေးဝန်ထမ်း
တစ်ချို့ကိုကယ်ဆယ်ရေးအဖြစ် ရေဘေးသင့်နေရာများကိုပို့ပေးထားရသည် ။ ထိုအထဲတွင်နိုက်ဖ်မြို့တော်ကာကွယ်ရေးအဖွဲ့က ပိုများသည် ။မြို့မှာတာဝန်ကျလည်းဘာမှမလုပ်ရမည့်အတူတူ လိုအပ်နေတဲ့နေရာတွေဆီပို့လိုက်တာဖြစ်သည် ။အခြားမြို့တွေထက်ကာကွယ်ရေးအဖွဲ့ဝင်နည်းသည့်မြို့တွင် စစ်ရေးမှူးရုံးရဲ့ညဂျူတီဟာ အရာရှိသုံးယောက်သာရှိသည်။ အသွားအလာနည်းတဲ့နေရာတွင်တည်ရှိနေသည်မို့လေညှင်းတွဲ့တွဲ့တိုက်ခက်သံနှင့် စာရွက်စာတမ်းပွတ်တိုက်သံမှအပါး ခွေးဟောင်သံတစ်ချို့သာရှိသည် ။

မိုးကုန်စမို့စိုစွတ်စွတ်ပတ်ဝန်းကျင်ရဲ့အအေးရှိန်ဟာ
မော်တော်ဆိုင်ကယ်လေတိုးမှုကြောင့် ပို၍အအေးဓာတ်ပိုနေသည် ။ အရှိန်ပြင်းစွာမောင်းနှင်လာတဲ့
မော်တော်ဆိုင်ကယ်က လူသူကင်းရှင်းတဲ့ဂိုဒေါင်နောက်တွင်ရပ်သွားသည် ။ဆိုင်ကယ်ပေါ်မှအနက်ရောင်ဝတ်လူနှစ်ယောက်က မျက်နှာပေါ်တွင်အပြုံးကိုယ်စီချိတ်ဆွဲထားကြသည် ။၎င်းတို့ပုံမှာတစ်ခုခုအတွက်ရင်ခုန်စိတ်လှုပ်ရှားနေသည့်ပုံရှိသည် ။

"အေးနေပြီလားရာဇ်"

"ငါ့ပုံကအေးတဲ့ပုံပေါက်လို့လား လာစမ်းပါ
စစ်ဆေးရေးမှူးရုံးကိုပျော်ပျော်ရွှင်ရွှင်မီးသွားရှို့စို့"

TARGET Where stories live. Discover now