MISSION_2

509 80 37
                                    

Zawgyi

"မင်းကို Bossကတွေ့ချင်လို့တဲ့မင်းအတွက်MISSIONတခုရှိတယ်"

သူစောင့်မျှော်နေခဲ့တဲ့MISSIONပြန်ရောက်လာခဲ့ပြီပေါ့။သူ့အတွက်စိတ်ဝင်စားဖို့ကောင်းမယ်လို့မျှော်လင့်မိရဲ့။
အပျင်းပြေကစားပွဲ ဆော့ကစားရတော့သလိုမျိုး အကြိုက်တွေ့သွားခဲ့ တဲ့နှုတ်ခမ်းတွေကမပွင့် သောအနေအထားဖြင့်ပြုံးမိ၏။

ထို့နောက် ရုတ်ချည်း တည်ကျသွားကာ အကြည့်များအရှေ့သို့ပြန်ပို့ပြီး တချက်မှမတွေဝေ လက်ညိုးလေးအား ကွေးချလိုက်သည်။ထို့အတူ အချိန်တဆက်တည်း မြန်ဆန်တဲ့အရှိန်နဲ့ ရွှေရောင် ကျည်ဆံတောင့်လေးဟာ ဘုတ်ပြားအလယ်က အမှတ်တည့်တည့်ကို ဖောက်ထွက်ကာ အပေါက်အဝိုင်းလေးသာကျစ်ရစ်နေခဲ့သည်။

အိမ်တော်၏အနောက်ဖက်ခြမ်း မြေအောက်လှိုဏ်ဂူထဲရှိလျှိ့ဝှက်စွာတည်ရှိနေသောဤနေရာက သူလျှိုများစွာ မွေးမြူထားတဲ့ အသိုက်အမြုံ။အထွန်းကားဆုံးနည်းပညာတွေ,စက်ကိရိယာများရှိပြီး လူသတ်ရန်ပညာကို အကောင်းမွန်ဆုံးသင်ကြားပေးသည်။ဒါဆို လူသတ်သမားများပုန်းအောင်းတဲ့နေရာလို့လည်း ဆိုလို့ရနိုင်တာပေါ့။

ဒီကိုရောက်လာသူများဟာ မိသားစုမရှိတဲ့တကောင်ကြွက်ငမွဲငတေတွေ။ပြောင်ပြောင်ရောင်ရောင်ဆင်ယင်ပေးပြီး ကိုယ်ရည်ကိုယ်သွေးပါ ဖြည့်ပေးတော့ လမ်းဘေးမှာ တောင်းစားရမည့်ဘဝထက်စာရင် ဒီအလုပ်ကိုသာရွေးချယ်ကြတယ်။ခေါင်းဆောင်ကတော့ ဂန်ဂျောင်အီပဲပေါ့။မူးယစ်ဆေးဝါးလုပ်ငန်းအပြင် မည်သူမှမသိသေးတဲ့ ဂန်ဂျောင်အီရဲ့ တခြားတဖက်ခြမ်းအဖွဲ့အစည်းတခု။သူလျှိုတွေမွေးထုတ်ပေးနေတဲ့အဖွဲ့အစည်း။ဂန်ဂျောင်အီဟာ နိုင်ငံရေးလောကနှင့်မသက်ဆိုင်သည့် ပြင်ပကလုပ်ငန်းကြီးတွေ၌လည်း စပိုင်တွေစေလွှတ်ကာ အချက်အလက်များခိုးယူ ခိုင်းသည်။သည့်အတွက် မိဘဆုံးအကြွေးတင် ဆွေမျိုးမရှိ ကူရာမဲ့ မိန်းကလေးတွေကိုလည်း ဒီအဖွဲ့ထဲ ထည့်သွင်းထားသည်။ယောကျာ်းလေးတွေနဲ့တန်းတူ အတိုက်အခိုက် ကျွမ်းကျင်အောင်လေ့ကျင့်ပေးသည့်အပြင် ခန္ဓာကိုယ် လှပအောင်လည်း ထိန်းသိမ်းစေသည်။သို့မှသာ စီးပွားရေးပြိုင်ဘက် ပါတနာအဘိုးကြီးများကို ထိထိမိမိ အလဲထိုးနိုင်မည်ဖြစ်သည်။

MISSION{VMIN}Where stories live. Discover now