MISSION_8

447 43 15
                                    

.
.Unicode

"ချာတိတ်..ကိုယ်တခုလောက်မေးမယ်နော်..."

မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာအနောက်တိုင်းဝတ်စုံနဲ့ထယ်​ယောင်းကခပ်ဝိုင်းဝိုင်းအရိပ်ရတဲ့သစ်ပင်ရဲ့ပင်စည်လေးမှာမှီနေတယ်။သူ့ရဲ့targetလေးကတော့တဖက်ထောင်ထားတဲ့ဒူးပေါ်မှီပြီးခြေထောက်လေးတွေကိုဆင်းထားတယ်။ရုတ်တရက်စကားပလ္လင်ခံသည့်သဘောမျိုးဖြင့်မေးလိုက်တဲ့အခါရင်ခွင်အောက်ကနေ.မော့ကြည့်တယ်။ကြည်လင်နေတဲ့ရေပြင်လေးတခုလိုပဲ..။ဟိုးအတွင်းထဲကဖြူစင်တဲ့စိတ်ထားလေးကို.မျက်လုံးလေးကြည့်ရုံနှင့်ဖောက်ထွင်းမြင်နေရတယ်။

"ထယ်ယောင်းရှီကလည်းလာပြီးကန့်သတ်နေသေးတယ်...မေးချင်တာရှိရင်ဘယ်နှစ်ခုဖြစ်ဖြစ်မေးလိုက်ပေါ့...အဲ့လိုကြီးအရင်ခွင့်ပြုချက်တောင်းသလိုပြောနေတာကကျွန်တော်တို့နှစ်ယောက်ကသူစိမ်းတွေကျနေတာပဲ...ချစ်သူတွေလေဘာဖြစ်ဖြစ်မေးလိုက်ပေါ့..."

အရမ်းကိုလည်လွန်းသွက်လွန်းတယ်လို့ထင်ပေမဲ့လည်း.တနေ့ထက်တနေ့ခပ်ခွာခွာဆက်ဆံလာတယ်လို့ခံစားရတာမို့ဂျီမင်နှုတ်ခမ်းဆူမိတယ်။မာမာထန်ထန်ပြောဆိုတာမျိုးမဟုတ်ပေမဲ့သူ့နားကိုမကပ်ချင်သလိုမျိုးထင်မိလာတယ်။ဂရုမစိုက်လို့လားဆိုပြန်တော့လည်းမဟုတ်ပြန်...။နွေးထွေးလွန်းစွာ.ရင်ခုန်စိတ်လှုပ်ရှားမှုများလွန်းစွာ.နှင့်အပိုအလွန်တွေလားလို့ထင်မိသည်ထိ။ဒါပေမဲ့ဘာကိုအားမရမှန်းလည်းမသိပေ။

မှီထိုင်နေရာမှခန္ဓာလေးမတ်လိုက်တဲ့အခါ.လူကြီးဟာလည်းဘာများဖြစ်သွားသလဲအတွေးဖြင့်ဘေးစောင်းထိုင်နေတဲ့သူ့ကိုပါးလေးအားခပ်ဖွဖွလေးဆွဲတယ်။

"ကိုယ်တောင်းပန်ပါတယ်..အခုဟာကအရင်ခွင့်ပြုချက်ယူမှဖြစ်မှာမလို့ပါ...ကိုယ့်ကိုစိတ်ဆိုးသွားတာလား....ချာတိတ်ကအစစအရာရာဆင်ခြင်နေရတဲ့သူမဟုတ်လား...ကိုယ့်မေးခွန်းတခုကြောင့်ချာတိတ်ပြောပြီးမှနောင်တရတာမျိုးမဖြစ်စေလို့ပါ..."

"ထယ်ယောင်းရှီကဘာမေးမှာမလို့လဲ..."

မေးခွန်းလေးတခုအတွက်စကားများစွာဖွဲ့နွဲ့နေတာမို့စိတ်ဝင်စားသည်။သူစိမ်းတ​ယောက်လိုဆက်ဆံခြင်းခံနေရ၍မကျေနပ်သည့်အစိုင်အခဲသေးသေးလေးဟာလည်းဘယ်ပျောက်လို့ပျောက်သွားမှန်းမသိ။

You've reached the end of published parts.

⏰ Last updated: Aug 27, 2022 ⏰

Add this story to your Library to get notified about new parts!

MISSION{VMIN}Where stories live. Discover now