92

9.9K 1.5K 73
                                    

{Unicode}

"သူ့ကိုငါ့ဆီပြန်ပေး"

စနေနေ့ညတွင် ယဲ့ထင်သည် ညစာပါတီတစ်ခု တက်ရောက်ရသည်။

ယင်းညစာပါတီမှာ ဟုန်ယဲ့ စီးပွားရေး မြို့တော်မှ ဥက္ကဌရှောက် ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ထျန်းဟိုင်နယ်မြေရှိ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်မှ အသေးစိတ် အချက်အလက် အချို့ကို သီးသန့် ညှိနှိုင်းရန်နှင့် နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ဖြစ်သည်။ ယဲ့ထင်သည် ဖိတ်ကြားချက်ကို အလိုအလျောက် လက်ခံရရှိခဲ့ပြီး ကျောက်ရှန့်ဟိုင်သည်လည်း ထိုနည်းလည်းကောင်းပင်။

(TN/ ဒါကမှ ရှောက်သီးနဲ့ မျိုးရိုးနာမည်တူတဲ့ 'ရှောက်')

ထိုနေ့ညတွင် ဥက္ကဌရှောက်ကဲ့သို့ လူရည်လည်ပြီး စဥ်းစားတွေးခေါ်တတ်သူများက ပွဲသို့တက်ရောက်လာကြ၍ လေထုအငွေ့အသက်က ပြောစရာ မလိုလောက်အောင် အသက်ဝင် စည်ကားနေသည်။

ရင်းနှီးမြှုပ်နှံသူတစ်စုသည် အရက်ခွက် ဌဲ့ပေးလိုက်၊ တွန်းလိုက်၊ ယူသောက်လိုက်နှင့် မျက်နှာများ နီရဲတွတ်လာသည်အထိ အရက်သောက်နေကြသည်။

ယဲ့ထင်သည် ထိုအတောအတွင်းတွင် အစာအိမ်ကို အာဟာရ ဖြည့်တင်းနေရ၍ အရက် အလွန်အကျွံ သောက်ဖို့ရန် မဆီလျော်ပေ။

သူခေါ်လာသည့် အတွင်းရေးမှူးသည် အရက်ခွက်များကို တားဆီးပေးရာတွင် ရှေ့ပြေး ဖြစ်လို့လာသည်။ သူကိုယ်တိုင် သူရဲကောင်းသဖွယ် အရက်ခွက်ကို မြောက်လိုက်ပြီးလျှင် လည်ချောင်းထဲသို့ လောင်းထည့်လိုက်သည်။ ညစာပါတီ အဆုံးမသတ်ခင်မှာပဲ ထိုအတွင်းရေးမှူးက မူးဝေလာသည်။ သည်လိုနှင့် ယဲ့ထင်ထံ တိတ်တိတ်လေး ခွင့်တောင်းလိုက်ပြီး နံရံကို အမှီသဟဲပြုကာ သန့်စင်ခန်းထဲ ပြေးသွားသည်။ ရေအေးအေးလေးနှင့် ဆေးချလိုက်ကာမှ တဖြည်းဖြည်းချင်း အသိပြန်ကပ်သွားတော့သည်။

အတွင်းရေးမှူး ထွက်သွားပြီးနောက် ယဲ့ထင် လှည့်ကြည့်လိုက်သောအခါ စားပွဲ၏ ဆန့်ကျင်ဘက် နေရာတွင် ထိုင်နေသည့် ကျောက်ရှန့်ဟိုင်ကို တွေ့လိုက်ရသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now