One

503 34 35
                                    

PRESENT DAYSEOUL INTERNATIONAL UNIVERSITY

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.





PRESENT DAY
SEOUL INTERNATIONAL UNIVERSITY

ဆိုးလ်မြို့ရဲ့ ဆောလ်အူလ် နိုင်ငံခြားဘာသာတက္ကသိုလ်အတွင်း ပြောင်ပြောင်လက်လက် အနက်ရောင် ဆိုင်ကယ်တစ်စီးဝင်လာသည်နှင့် ကျောင်းသူလေးများရဲ့ စိတ်ဝင်စားမှု့မှာ ထိုနေရာတွင်ဆိုက်ကပ်သွားကြသည် ။

ဆိုင်ကယ်ကိုစက်သတ်ကာ လွယ်အိတ်နဲ့ရေဘူးကိုယူရင်း ကျောင်းဝန်းထဲသို့ခြေချလိုက်သည် ။

ဖြတ်သွားဖြတ်လာကျောင်းသူလေးတွေကတော့ သူ့ကိုငေးလို့မဆုံးကြပေ ။

အရပ်မြင့်မြင့်အသားဖြူဖြူ ကိုမှ အနောက်တိုင်းသွေးရောတာကြောင့် ကြည့်မိတဲ့မိန်းခလေးတိုင်းမှာရူးလောက်စေသည် ။

"Hey Mark!!!"

အဝေးကနေ လှမ်းအော်ကာခေါ်ရင်း အနားရောက်တော့မှ Bangchan တစ်ယောက်သူ့ပုခုံးပေါ် လက်တင်လိုက်သည် ။

လူမရောက်ခင်အသံလာ ဆိုသလို အရမ်းမကျယ် မတိုးသော အသံကသူ့အားရယ်ရစေသလို တခါတလေ စိတ်လဲရှုပ်စေသည် ။

"Ohh man..နွေရာသီတစ်ချိန်လုံးမတွေ့ရတာနဲ့ ခန့်လာလိုက်တာကြည့်စမ်း!"

လိုချင်တာတစ်ခုခုများရှိလျှင် မြှောက်ပင့်တက်သော bangchan hyg ကဘာတောင်းဆိုအုံးမလဲဆိုတာကိုနားစွင့်ထားသည် ။

"မြှောက်မနေပါနဲ့ Hyg ရယ် ကျွန်တော်က Hyg ကိုဒီနှစ်တော့တကယ်မတွေ့ရတော့ဘူးထင်ပြီးပျော်နေတာ"

"ဘာလဲ ငါရှိတာမင်းကမပျော်ဘူးပေါ့? ရပါတယ်ကွာ ငါ့မှာတော့မင်းတို့ကိုသံယောစဉ်ရှိလွန်းလို့ ဘွဲ့တောင်မယူသေးပဲစောင့်နေတာကို"

ရင်ဘက်ကိုခပ်ပြင်းပြင်ပုတ်လိုက်ရင်း Bangchan Hyg ကပြောသည် ။ ဒါမျိုး ပေါတောတောတွေသာသရုပ်ဆောင်ရင်အကယ်ဒမီကတန်းနေမှာမြင်ယောင်မိသေး ။

Billet - Doux [ RenMark ]Donde viven las historias. Descúbrelo ahora