Two

141 24 25
                                    

ဒီနေ့အတန်းဝင်ဖို့ဆရာတစ်ယောက်မလာတာကြောင့် သူ့ရဲ့အချိန်တွေဟာ library မှာကုန်လွန်နေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒီနေ့အတန်းဝင်ဖို့ဆရာတစ်ယောက်မလာတာကြောင့် သူ့ရဲ့အချိန်တွေဟာ library မှာကုန်လွန်နေသည် ။

Final ဆိုတော့ဒါပြီးတာနဲ့ ဘွဲ့ရလျှင်အလုပ်ကောင်းကောင်းကိုလျှောက်မည် ။ ဒါမှ မေမေလဲသူ့ကိုသေသေချာချာ အားကိုးနိုင်မယ် မဟုတ်ပါလား ။

"အကို!!"

ဘယ်အချိန်ထဲကဘေးနားရောက်နေမှန်းမသိတဲ့ Huang Renjun ။

"အမလေး အမေရဲ့!"

သူ့ရဲ့အာမေဍိတ်ကိုကြည့်ရင်းဒီကောင်ကရယ်နေသေးတာ ဖြတ်ရိုက်ချစ်စရာရုပ်နဲ့ ။

"ကျွန်တော်ကအဲ့လောက်လန့်ဖို့ကောင်းတာလား?"

သူ့ကိုယ်သူလက်ညှိုးထိုးရင်းပြောနေ၏ ။

"မင်းငါ့ကိုမနှောင့်ယှက်ပဲနေလို့မရဘူးလား?"

"မရဘူး အကိုနဲ့ခင်ချင်တာ"

"ကျစ်! ဒုက္ခပဲ!"

"ဟ! ဒုက္ခတော့မလုပ်ပါနဲ့အကိုရ ဟိုနေ့ကပြောသလိုပဲ အကိုနဲ့သူငယ်ချင်းဖြစ်ဖို့ဘာတွေလုပ်ရင်ရပြီလဲ?"

Huang Renjun ဒီလောက်ဖြစ်နေတယ်ဟုတ်လား!

"နေစမ်းပါအုံး! မင်းဘာလို့ငါနဲ့အဲ့လောက်ခင်ချင်နေရတာလဲ?"

"အကိုကလဲ! ခင်ချင်တာပဲကို ခင်ချင်လို့ပေါ့"

"ငါကတော့မင်းကိုမခင်ချင်ဘူးကွာ မင်းသာလူလိုနားလည်မယ်ဆို ငါ့ကိုမနှောက်ယှက်စမ်းပါနဲ့"

ပြောပြောဆိုဆို နဲ့သူရဲ့လွယ်အိတ်တွေရယ် စာအုပ်တွေနဲ့ ကော်ဖီခွက်ကို ကိုင်ပြီး Mark ထသွားသည် ။

ပစ္စည်းတွေကများနေသောကြောင့် ခန္ဓာကိုယ်ကိုလဲ ကောင်းကောင်း handle လုပ်လို့မရပေ ။

Billet - Doux [ RenMark ]Where stories live. Discover now