Five

154 22 17
                                    

Dinning room တွင်ထိုင်နေသော သူဌေးကြီးဖြစ်သူတစ်ဖန် တရုတ်ပြည်၌ကြေးစားဂိုဏ်းခေါင်းဆောင် Huang DaHong ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




Dinning room တွင်ထိုင်နေသော သူဌေးကြီးဖြစ်သူတစ်ဖန် တရုတ်ပြည်၌ကြေးစားဂိုဏ်းခေါင်းဆောင် Huang DaHong ။

လဖက်ရည်ကိုခပ်အေးအေးသောက်နေရင်း သတင်းစာကိုစိတ်ရှည်လိုက်ရှည်ထိုင်ဖတ်နေသည် ။

အသက် ၅၀ ကျော်နေပြီဖြစ်သော်လည်း နုပျိုသောရုပ်ရည်နှင့် အသွင်အပြင်တို့က ယခုအချိန်ထိလန်းဆန်းနေဆဲ ။

"သားကြီးမဆင်းလာသေးဘူးလား?"

အိမ်ထိန်းဦးလေးကြီးမှာ သူဌေးကြီး၏အနားတိုးကာ ခါးကိုင်းလိုက်ရင်း

"အကိုလေးတို့နှစ်ယောက်လုံးညထဲကအိမ်ပြန်မရောက်သေးပါဘူး သခင်ကြီး"

"ညထဲကလား?"

"ဟုတ်ပါတယ်"

"အင်း..ဒါဆိုလဲပြီးရောလေ ကားပြင်ထားလိုက် ရုံးကိုသွားရမယ်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

သူဌေးကြီး Huang အိမ်မှထွက်လာပြီး ကားပေါ်မတက်ခင် Xiao Zhan ရဲ့ကားဟာလဲ portic ရှေ့သို့ရောက်လာခဲ့သည် ။

ကားပေါ်ကနေ Xiao Zhan ဆင်းလာရင်းအဖေဖြစ်သူကိုအရိုအသေပြုကာ

"ပါပါး ရုံးသွားတော့မလို့လား?"

"အင်း...ညကအပြင်မှာအိပ်ကြတာလား?"

"ဟုတ်တယ် ပါး ရီရှင်းတို့အိမ်မှာအိပ်လိုက်ကြတာပါ"

"မင်းညီအတွက်အချိန်ကုန်သိပ်မခံနဲ့ XiaoZhan ပါး သွားအုံးမယ်"

သူ့ရဲ့ပုခုံးကိုပုတ်ကာ သူဌေးကြီး ထွက်လို့သွားသည် ။

Renjun ရဲ့အကြောင်းကိုသိရင် ပါပါး ရဲ့ဒေါသတွေဟာ သူစိမ်းအပေါ်ထွက်မည်မဟုတ်ပဲ သူ့ညီ Renjun ကသာခံရမှာမဟုတ်ပါလား...

Billet - Doux [ RenMark ]Where stories live. Discover now