94

9.9K 1.6K 123
                                    

{Unicode}

"လမ်းခွဲည် ထိုည"

ကျောက်ရှန့်ဟိုင်သည် လက်ထောက်ဝမ်ထံမှ တက်ဘလက်ကို ယူလိုက်သည်။

တက်ဘလက်မှ မျက်နှာပြင်သည် တိတ်ဆိတ်စွာ တောက်ပနေပြီး ဓာတ်ပုံတစ်ပုံ ပေါ်နေခဲ့သည်။

ဓာတ်ပုံထဲတွင် ရှောက်ယယ်သည် ခါတိုင်းကဲ့သို့ အရည်ရှည် တောင့်ဖြောင့်ပြီး ရုပ်ရည်ရူပကာမှာလည်း ချောမော ခန့်ညားနေသည်။ နံဘေးတွင် ငယ်ရွယ်ပြီး ကြည့်ကောင်းသည့် အမျိုးသား တစ်ယောက်ကို ခေါ်ထားသည်။

ထိုကောင်လေး၏ မျက်ဝန်းများသည် အလွန်တရာ ချစ်မြတ်နိုးစရာကောင်းပြီး တစ်ကိုယ်လုံးအနှံ့ ဖော်မပြနိုင်လောက်သော ငယ်ရွယ်နုပျိုသည့် အငွေ့အသက်တို့ လွှမ်းခြုံနေသည်။ ရှောက်ယယ်က ခေါင်းလှည့်ကာ သူ့ကိုကြည့်နေပြီး အေးစက် မှေးမှိန်တတ်ခဲ့သော သူ့မျက်ဝန်းများတွင် မမျှော်လင့်ဘဲ ပို၍ ကြင်နာနူးညံ့စွာ ပြုံးရိပ်သန်းနေခဲ့သည်။ ထိုအမျိုးသား၏ လက်ထဲတွင် ပြောင်းဖူးပေါက်ပေါက် ဘူးကြီးကို ကိုင်ထားပြီး သူတို့ ပခုံးချင်းကပ်လျက် နွေးထွေးသော ရုပ်ရှင်ရုံထဲသို့ ဝင်လုဆဲဆဲဖြစ်သည်။

ကျောက်ရှန့်ဟိုင်သည် တိတ်တဆိတ်နှင့် ဓာတ်ပုံကို ကြည့်နေပြီး အတန်ကြာမှ ကြမ်းရှသော လေသံနှင့် မေးသည်။

"ဘယ်အချိန်က ကိစ္စလဲ"

လက်ထောက်ဝမ်က အသံတိုးလေးနှင့်

"မနေ့ညက ရိုက်ထားတာပါ"

ကျောက်ရှန့်ဟိုင်က ခေါင်းတညိတ်ညိတ်နှင့် တွေးတောကြည့်ရာ မနေ့ညက သူသည် စာကြည့်ခန်းထဲတွင် လဲ့လဲ့၏ အိမ်စာများကို စစ်ဆေး သင်ပြပေးနေခဲ့သည်။ ထို့နောက် လဲ့လဲ့ အိပ်ပျော်သွားအောင် ဂရုစိုက်ပေးနေရင်း ရှောက်ယယ် ပြန်မလာသေးသည်ကို မြင်သောအခါ မီးဖိုချောင်ထဲတွင် အမူးပြေဟင်းရည် ချက်ကာ သိမ်းထားလိုက်ပြီးမှ စိတ်ချလက်ချ အိပ်ပျော်ခဲ့သည်။ မအိပ်ခင်တွင် ရှောက်ယယ်ထံသို့ စာတိုတစ်စောင်ပင် ပို့ခဲ့သေးသည်။ သူ့အား ညစာပါတီ ပြီးသွားပြီလား၊ မူးအောင် မသောက်နဲ့၊ အိမ်စောစော ပြန်လာခဲ့၊ မီးဖိုချောင်ထဲမှာ အမူးပြေ ဟင်းရည် လုပ်ထားတယ် စသဖြင့်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now