🖤Part 1🖤

555 46 8
                                    

Unicode

‼ ဒီဟာလေးကို မဖတ်ခင်မှာ Warning ပေးပါရစေ Psychoပုံစံ ဖြစ်တဲ့အတွက်ကြောင့် Sucideလုပ်တာမျိုးတွေ စိတ်ဓာတ်ကျစရာမျိုးတွေ Self Harmလုပ်တာတွေ ဆိုးရွားတဲ့ အသုံးအနှုန်းမျိုးတွေ ပါနိုင်ပါတယ် နောက်ပြီး ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေက Dreamရဲ့ စိတ်ကူးယဥ် ဇာတ်ကောင်တွေပါပဲ အပြင်မှာရှိတဲ့ ကောင်လေးတွေနဲ့ လားလားမျှ (လုံးဝ)မသက်ဆိုင်ပါ

ဇာတ်လမ်းကို ဇာတ်လမ်းလို Ficကို Ficလိုပဲ ဖတ်ပေးပါ သတိပေးထားပြီးသားပါ မကြိုက်ရင်ကျော်သွားနိုင်ပါတယ် သတိပေးထားရဲ့နဲ့ ဖတ်ရင် Dreamနဲ့ မဆိုင်တော့ပါဘူးနော် Warningပေးထားပေမယ့် Dream လုံးဝ(လုံးဝ) 18+တွေ မရေးပါဘူး Dreamပြောတာ နားလည်မယ်ထင်ပါတယ် ‼

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Yoongi's POV

"မင်းက အရမ်းကို စိတ်ပျက်စရာကောင်းတယ်"

"မင်းက ဒီနေရာမှာရှိမနေသင့်ဘူး"

"မင်းကို ဘယ်သူကမှ မလိုချင်ကြဘူး"

ဒီအသံတွေကို ကျွန်တော်မုန်းတယ် ကြားနေကျ အသံတွေ ရင်းနှီးနေပြီးသား စကားလုံးတွေဆိုပေမယ့် ကြားလိုက်ရတဲ့အချိန်တိုင်း ကျွန်တော်နေသားကျမနေဘူး

"မင်းက ထွက်သွားသင့်တဲ့သူပဲ"

"မင်းက မင်းရဲ့Memberဝင်တွေအတွက် အနှောင့်အယှက်ပဲ"

"မင်းက မုန်းစရာလူပဲ"

ကျွန်တော့်ရဲ့ နားနှစ်ဖက်ကို လက်တွေနဲ့ပိတ်ထားမိတယ် ကျွန်တော်မကြားချင်ဘူး ဒီအသံတွေကနေ ဝေးရာကို ကျွန်တော်ထွက်သွားချင်တယ် ကျွန်တော်လျစ်လျူရှုပစ်ချင်တယ် အရာအားလုံးကို မေ့ထားလိုက်ချင်တယ်

"မင်းမေ့ချင်တိုင်း မေ့လို့ရမယ်ထင်နေလား Min Yoongi!"

ကျွန်တော်ခုနကထက်ပိုပြီး ခန္ဓာကိုယ်ကို ကျုံ့လိုက်တယ် ကျွန်တော်အဲ့ဒီအသံကိုကြောက်တယ် မကြားချင်ယောင်ဆောင်လိုက်ချင်တယ်

"မင်းငါ့ကို လျစ်လျူရှုလို့မရဘူး Min Yoongi!!"

ကျွန်တော့်ခန္ဓာကိုယ်လေး တုန်သွားတယ် မျက်ရည်တွေလည်း ကျလာတယ် ကျွန်တော့်ရင်ဘတ်ကလည်း မခံနိုင်လောက်အောင် အောင့်တတ်လာတယ် နာတယ် အရမ်းကိုနာတယ်

Other SideOù les histoires vivent. Découvrez maintenant