🖤Part 5🖤

356 32 17
                                    

Unicode

❗ ဒီဟာလေးကို မဖတ်ခင်မှာ Warning ပေးပါရစေ Psychoပုံစံ ဖြစ်တဲ့အတွက်ကြောင့် Sucideလုပ်တာမျိုးတွေ စိတ်ဓာတ်ကျစရာမျိုးတွေ Self Harmလုပ်တာတွေ ဆိုးရွားတဲ့ အသုံးအနှုန်းမျိုးတွေ ပါနိုင်ပါတယ် နောက်ပြီး ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေက Dreamရဲ့ စိတ်ကူးယဥ် ဇာတ်ကောင်တွေပါပဲ အပြင်မှာရှိတဲ့ ကောင်လေးတွေနဲ့ လားလားမျှ (လုံးဝ)မသက်ဆိုင်ပါ

ဇာတ်လမ်းကို ဇာတ်လမ်းလို Ficကို Ficလိုပဲ ဖတ်ပေးပါ သတိပေးထားပြီးသားပါ မကြိုက်ရင်ကျော်သွားနိုင်ပါတယ် သတိပေးထားရဲ့နဲ့ ဖတ်ရင် Dreamနဲ့ မဆိုင်တော့ပါဘူးနော် Warningပေးထားပေမယ့် Dream လုံးဝ(လုံးဝ) 18+တွေ မရေးပါဘူး Dreamပြောတာ နားလည်မယ်ထင်ပါတယ် ❗

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Yoongi's POV

Mayလ 5ရက်နေ့ အဲ့နေ့ကို အရမ်းမုန်းတယ် အဲ့နေ့ရောက်တိုင်း ကိုယ့်ကိုကိုယ် သတ်သေချင်မိတယ်

လွန်ခဲ့တဲ့ 11နှစ် ကျွန်တော့်အသက် 14နှစ်အရွယ်တုန်းက အဖြစ်အပျက်က အခုချိန်ထိ ခြောက်လှန့်နေတုန်းပဲ Memberတွေက ကျွန်တော့်ကို တစ်ဦးတည်းသောသားလို့ ထင်နေကြတာ တကယ်တော့ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိခဲ့ဖူးတယ်

ဟုတ်ပါတယ် ရှိခဲ့ဖူးတာပါ ကျွန်တော်မွေးပြီးနောက်ပိုင်း ကျဆင်းလာတဲ့ စီးပွားရေးတွေကြောင့် အဖေနဲ့အမေက ကျွန်တော့်အပေါ် အပြစ်ပုံချခဲ့တယ် အဆင်မပြေတိုင်း ကျွန်တော့်ကြောင့်ဆိုပြီး ဆူကြတယ် မွေးမလာသင့်ဘူးလို့ပြောကြတယ်

အဲ့လိုအချိန်တိုင်း ကျွန်တော့်အရှေ့မှာ ရှိပေးခဲ့တာက Hyungတစ်ယောက်ပဲ Hyungနာမည်က Min Junkiတဲ့ အနေအေးတဲ့Hyungက ကျွန်တော့်ထက် ငါးနှစ်ကြီးတယ်

မိဘတွေက ကျွန်တော့်ကို ခွဲခြားဆက်ဆံပေမယ့် Hyungကိုတော့ အရမ်းချစ်ကြတယ် အဲ့အတွက် Hyungကိုမနာလိုခဲ့ဖူးပေမယ့် တစ်ခါမှ မမုန်းခဲ့ဖူးပါ

အရိုက်ခံရတိုင်း ဒဏ်ရာတွေကို ဆေးထည့်ပေးတာက Hyungပဲ မုန့်ဖိုးမရှိလို့ ကျောင်းမှာမုန့်မစားနိုင်တာကြောင့် နေတိုင်းမုန့်ဝယ်ကျွေးတာက Hyungပဲ လူကြောက်တတ်တဲ့ ကျွန်တော့်ကို လူတွေအနိုင်ကျင့်ရင် ကာကွယ်ပေးတာက Hyungပဲ ညဘက်မိုးတွေရွာလို့ ကြောက်ပြီးမအိပ်နိုင်တဲ့ ညတွေမှာ နွေးထွေးတဲ့ရင်ခွင်ထဲမှာ ထည့်ပေးထားတတ်တာကလဲ Hyungပဲ

Other SideWhere stories live. Discover now