🖤Part 2🖤

395 37 16
                                    

Unicode

‼ ဒီဟာလေးကို မဖတ်ခင်မှာ Warning ပေးပါရစေ Psychoပုံစံ ဖြစ်တဲ့အတွက်ကြောင့် Sucideလုပ်တာမျိုးတွေ စိတ်ဓာတ်ကျစရာမျိုးတွေ Self Harmလုပ်တာတွေ ဆိုးရွားတဲ့ အသုံးအနှုန်းမျိုးတွေ ပါနိုင်ပါတယ် နောက်ပြီး ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေက Dreamရဲ့ စိတ်ကူးယဥ် ဇာတ်ကောင်တွေပါပဲ အပြင်မှာရှိတဲ့ ကောင်လေးတွေနဲ့ လားလားမျှ (လုံးဝ)မသက်ဆိုင်ပါ

ဇာတ်လမ်းကို ဇာတ်လမ်းလို Ficကို Ficလိုပဲ ဖတ်ပေးပါ သတိပေးထားပြီးသားပါ မကြိုက်ရင်ကျော်သွားနိုင်ပါတယ် သတိပေးထားရဲ့နဲ့ ဖတ်ရင် Dreamနဲ့ မဆိုင်တော့ပါဘူးနော် Warningပေးထားပေမယ့် Dream လုံးဝ(လုံးဝ) 18+တွေ မရေးပါဘူး Dreamပြောတာ နားလည်မယ်ထင်ပါတယ် ‼

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Yoongi's POV

မနက် 4 နာရီကမှပြန်ရောက်တာကြောင့် အိပ်ရေးမဝတာတော့အမှန်ပါ ခန္ဓာကိုယ်တစ်ခုလုံးကလည်း နာကျင်ကိုက်ခဲနေပြီး ဘာမှလုပ်ချင်စိတ်ကို မရှိဘူး ဒီလိုဖြစ်ရင် ကိုယ့်ကိုကိုယ်ဒေါသထွက်မိတယ်

ဘာလို့ဒီလောက်တောင် အားနည်းရတာလဲလို့ တစ်ခုခုဆို ခံစားလွယ်တဲ့ ဒီနှလုံးသားကြောင့် မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေမနည်းဘူး ဒါတွေဘယ်သူမှမသိခဲ့ဘူး ကျွန်တော်ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး အားနည်းတဲ့ကျွန်တော် အမြဲတမ်းသိမ်ငယ်နေတတ်တဲ့ကျွန်တော့်ကို Memberတွေသိရင် ကျွန်တော့်ကို စွန်ပစ်သွားမှာ အရမ်းကြောက်မိတယ်

အခုလည်း အိပ်ရာထဲကနေမထနိုင်ပေမယ့် အားတင်းပြီးထရဦးမယ် ဘယ်သူ့အတွက်မှမဟုတ်ရင်တောင် နောက်ဆုံး ကျွန်တော့်အတွက်တောင် မဟုတ်ခဲ့ရင်တောင် ကျွန်တော်ချစ်ရတဲ့ သူတွေအတွက် အကောင်းဆုံးကြိုးစားရဦးမယ်လေ ကျွန်တော်အရှုံးပေးလို့မရဘူးလေ

အိပ်ရာထဲကနေထပြီး ဘေးဘက်ကကုတင်ကို ကြည့်လိုက်တော့ Jin Hyungကိုမတွေ့တော့ အောက်မှာမနက်စာလုပ်နေလောက်ပြီ ထင်တယ် ကျွန်တော်လည်း ရေချိုးခန်းထဲဝင်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်တယ်

လက်ကောက်ဝတ်မှာစည်းထားတဲ့ ပတ်တီးအဖြူရောင်လေးကို ဖယ်လိုက်တော့ ပေါ်လာတဲ့ ဓားရာတွေက ကြည့်ရဆိုးလွန်းတယ် ဒါတွေက ကျွန်တော်အသုံးမကျမှုကြောင့် အပြစ်ပေးခဲ့တာတွေပဲလေ

Other SideWaar verhalen tot leven komen. Ontdek het nu