95

10.7K 1.6K 86
                                    

{Unicode}

"နောက်ဆုံးမှာတော့ ပြန်တွေ့ခဲ့ကြပြီ"

ရန်ကျားလိသည် အမေရိကန်တွင် တစ်လကြာနေပြီးနောက် နောင်တရလာတော့သည်။

အမေရိကန်သို့ ရောက်ရောက်ချင်း နေထိုင်ရသည်မှာ အသားမကျနိုင် ဖြစ်နေခဲ့ပြီး 6th Grade သာရှိသည့် ဘရုတ်ကန်း အင်္ဂလိပ်စာက သူ့အား အခက်တွေ့စေသည်။

သို့သော်ငြား ကံကောင်းထောက်မစွာပင် လန်ထျန်းနှင့် အဆက်အသွယ် ရလိုက်သည်။ အမေရိကန်တွင် နေထိုင်ဖြတ်သန်းရသည်မှာ နေသားကျနေသော လန်ထျန်းက ဦးဆောင်လမ်းပြခဲ့၍ အရာအားလုံးက အဆင်ပြေ ချောမွေ့နေသေးသည်ဟု သတ်မှတ်၍ရသည်။

မကြာခင်မှာပဲ ယဲ့ထင်သည်လည်း အမေရိကန်သို့ ရောက်လာကြောင်းကို ကြားသိလိုက်ရသည်။

ရန်ကျားလိသည် ထိုသတင်းကို ကြားသည်နှင့် လူတစ်ယောက်လုံး ထခုန်မိတော့မတက် ဖြစ်လာကာ ပစ္စည်းများ ထုပ်ပိုး သိမ်းဆည်းပြီး ကမန်းကတန်းနှင့် ခုန်ပျံကျော်လွှား ပြေးထွက်သွားချင်လာသည်။

ယဲ့ထင်၏ လူများ လိုက်ဖမ်းသည်မှာလည်း အလွန်နီးကပ်လာပြီး ရန်ကျားလိသည်ပင် သူတို့နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံလာရသည်။ တစ်ကြိမ်ဆိုလျှင် နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက် ရင်ဆိုင်လာရပြီး ကံအားလျော်စွာနှင့် ရန်ကျားလိ၏ ခန္ဓာကိုယ်သည် သွက်လက်နေသေးပြီး ကွန်ဖူးဇာတ်လမ်းများ၏ နှစ်ပေါင်းများစွာ လွှမ်းမိုးမှုအရ ပြန်လည် မတိုက်ခိုက်နိုင်သော်လည်း ပြေးတော့ ပြေးနိုင်သေး၍ ဝှီးခနဲ ဝှီးခနဲ ထွက်ပြေးနိုင်ခဲ့သည်။

ထိုအချိန်မှသာ သူ သဘောပေါက် သွားခဲ့သည်။ သူ အမေရိကန်ကို ထွက်ပြေး တိမ်းရှောင်သည် ဆိုသည်မှာ အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်းဟူသည့် ကြီးမားသော အမှားအယွင်းကြီးပင်။

ယဲ့ထင်သည် ပြည်တွင်း၏ စီးပွားရေး နယ်ပယ်တွင် တက်သစ်စ လုပ်ငန်းစုလေး ဖြစ်ပြီး နောက်ခံ အင်အား ကောင်းသော်လည်း အခြေခံ အုတ်မြစ်မှာတော့ တည်ငြိမ်မနေခဲ့ပေ။ သို့သော်ငြား ယဲ့ထင်သည် အမေရိကန်မှာဆိုလျှင်တော့ အရာအားလုံးမှာ ကပြောင်းကပြန် ဖြစ်သွားသည်။ ယဲ့မိသားစု၏ လွှမ်းမိုးမှု အာဏာတို့က နေရာ အနှံ့အပြား ဖြန့်ကျက်ထားပြီး မိမိက အမေရိကန်ကို ထွက်ပြေးလာခြင်း ဆိုသည်မှာ ခေါင်းမူးနေသည့် သိုးတစ်ကောင်က ဝံပုလွေအုပ်ထဲ ခုန်ဆင်းသွားသကဲ့သို့ အမှန်စင်စစ် အန္တရာယ် များလွန်းလှပါသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now