96

10.8K 1.6K 101
                                    

{Unicode}

"ထိုနှစ် နွေရာသီ"

ရန်ကျားလိ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်တက်သွားခဲ့သည်။

သူသည် ယဲ့ထင်အား ခပ်ဖြည်းဖြည်း တွန်းထုတ်လိုက်ကာ ကိုယ်ကိုလှည့်ပြီး ယဲ့ထင်၏ မျက်နှာကို ကြည့်သည်။

မတွေ့ရသည်မှာ ရက်ပေါင်းအတော် ကြာသွားသော်လည်း ယဲ့ထင်ထံ၌ ပြောင်းလဲမှု များများစားစား မဖြစ်တည်ခဲ့ပေ။ အစဥ်အတိုင်း ချောမော တောင့်ဖြောင့်ပြီး ဆွဲဆောင်မှု အားကောင်းဆဲပင်။ မျက်ဝန်း အကြည့်များကသာ ယခင်ကထက် ပိုမို ပျော့ပျောင်းနေပုံရပြီး မူလက အေးစက်ပြီး ကြမ်းကြုတ်သော အရောင်အဝါကို အနည်းငယ် ဖုံးကွယ်ထားသည်။

ယဲ့ထင်သည် တစ်ချိန်လုံး ရန်ကျားလိကို စိုက်ကြည့်နေပြီး ဘယ်လိုကြည့်ကြည့် ကြည့်လို့ကို မဝနိုင်ခဲ့ပေ။

ရန်ကျားလိသည် သူ၏ စိုက်ကြည့်နေမှုကြောင့် ဦးရေပြားကပင် ထုံကျင်လာသလို ဖြစ်နေပြီး တောင့်တောင့်တင်းတင်းနှင့် ခေါင်းကို လှည့်သွားကာ

"ပြော၊ ဒီတစ်ခေါက်ရော မင်း ဘာဖြစ်ချင်နေတာလဲ"

ယဲ့ထင်၏ လည်စလုပ်က လှုပ်ယမ်းသွားပြီး နွေးထွေးသော လက်ဖဝါးက ရန်ကျားလိ၏ ပါးပြင်ကို ပွတ်သပ်နေကာ တန်ဖိုးထားလွန်း၍ လက်ကို ပြန်လည် စွန့်ခွာလိုက်ဖို့ရန် အင်တင်တင် ဖြစ်နေသည်။

သူသည် ပါးစပ်ဟလာပြီး လေသံမှာ ကော်ဖတ်တိုက်ခံထားရသည့်နှယ် ကြမ်းရှနေကာ လေသံထဲတွင် ခန့်မှန်းမိရန် မသိသာသည့် သက်ပြင်းချသံနှင့် မကျေနပ်သံတို့ပါ ရောနှောလာကာ

"ပါးစပ်ဟလိုက်တာနဲ့ မချေမငံတွေ ပြောနေတော့တာပဲ....ကိုယ့်ကို လွမ်းတယ်လို့တော့ မပြောဘူး"

ရန်ကျားလိက သူနှင့် အပိုဆာဒါးများ ပြောဖို့ရန် ပျင်းရိနေသည်။

သူသည် ယဲ့ထင်၏ လက်ကို ဖယ်ရှားလိုက်ပြီး ခေါင်းမော့လျက် တည့်တည့် စိုက်ကြည့်ကာ

"ငါမင်းနဲ့ အာလာပသလ္လာပတွေ ပြောချင်နေတာ မဟုတ်ဘူး။ မင်းက လီတာ့နဲ့ လီအော့ကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်တယ်။ ဟုတ်ပြီ၊ မင်း သဘောပါပဲ။ ငါ ရောက်လာပြီလေ။ မင်းအခုရော ငါ့ကို ဘယ်လိုကစားဦးမလဲဆိုတာသာ ဒဲ့ပြောလိုက်။ ဒါပေမဲ့ အဲ့ဒါမတိုင်ခင်တော့ လီတာ့နဲ့ လီအော့ ဘာပြဿနာမှ မဖြစ်ဘူးဆိုတာကို ငါအတည်ပြုရမယ်"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now