97

10.3K 1.7K 153
                                    

{Unicode}

"လက်ဆောင်"

ညနေခင်းသည် လိမ္မော်ရင့်ရောင် သန်းနေသော နူးညံ့သည့် နေဝင်ချိန် ဆည်းဆာကြောင့် နီညိုရောင် တောက်နေသည်။

မြို့တော်၏ ကျွက်ကျွက်ညံသံတို့က နောက်ကွယ်တွင် ကျန်ရစ်နေခဲ့ပြီး မနက်ခင်းတွင် ယုတ်လျော့နေသည့် အရောင်အဝါများက တဖြည်းဖြည်း ထွန်းတောက်လာသည်။ နေရာတိုင်းတွင် ညနေခင်း၏ အငွေ့အသက်များသာ ပြည့်နေတော့သည်။

ထိုကဲ့သို့ နွေးထွေး အေးချမ်းသည့် အချိန်လေးတွင် ယဲ့ထင်သည် ထိုနှစ်ကအတိုင်း အပြုံးတစ်စုံ ပန်ဆင်ထားပြီး သူ့အား စကားတစ်ခွန်း ပြောလာသည်။

"အိမ်ပြန်လာတာကို ကြိုဆိုပါတယ်"

ရန်ကျားလိသည် ခရီးဆောင်အိတ်ကို ကိုင်ထားပြီး တံခါးဝတွင် ရပ်နေရင်း တစ်ခဏလောက် ကြောင်အမ်းသွားခဲ့ရသည်။

ထိုမျှရိုးရှင်းသည့် စကားလေး လေးလုံးကို နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မည်သူတစ်ယောက်ကမှ သူ့အား မပြောဖြစ်ကြတော့ပေ။

ယဲ့ထင်က သူ့လက်ထဲမှ ခရီးဆောင်အိတ်ကို ကိုင်လိုက်မှသာ အသိပြန်ဝင်လာပြီး လေသံဖျော့ဖျော့နှင့် အင်းဟု အသံပြုမိသည်။

ထို့နောက် ယဲ့ထင်နှင့်အတူ စံအိမ်ထဲသို့ ဝင်လာသည်။

ဧည့်ခန်းထဲကို ဝင်သည်ဆိုရုံရှိသေး နက်မှောင်သော အရိပ်တစ်ခုက သူ့ထံသို့ တိုက်ရိုက် ပြေးဝင်လာသည်။

ရန်ကျားလိသည် လန့်သွား၍ တစ်ချက်လောက် ခုန်မိသွားပြီး အနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်ပြီး ကြည့်လိုက်မှသာ သေချာမြင်ရသည်။ လက်စသတ်တော့ ခွေးလေးတစ်ကောင် ဖြစ်နေသည်ကို။

မကြီးလွန်း မသေးလွန်းသော အရွယ်အစားနှင့် မီးခိုးဖျော့ရောင် အမွေးအမျှင်များ ရှိကာ လျှာတစ်လစ်နှင့် မြန်မြန်ဆန်ဆန် အသက်ရှူနေသည်။ ဝိုင်းစက်သည့် မျက်လုံးတစ်စုံက အပြာသန်းရောင် ဖြစ်နေပြီး အလွန်တရာ ကြည့်လို့ကောင်းသည်။ ကိုယ်ထည်က တော့င်တင်း သန်မာပြီး အမွေးပွယောင်းယောင်းနှင့် အလွန်လှပသည့် ဟက်စကီးကောင်လေးဖြစ်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now