98

10.7K 1.5K 125
                                    

{Unicode}

"ရက်သုံးဆယ်"

ရန်ကျားလိသည် အခန်းအပြည့် ဖြစ်နေသော လက်ဆောင်များကို ကြည့်ရင်း အတော်အတန် စိတ်လှုပ်ရှားမိသွားသည်။

ဤနှစ်အတွင်း များစွာလှသော ပင်ပန်းဆင်းရဲမှုများသာ ကြုံတွေ့ခဲ့ရပြီး သူ၏ နေ့ရက်များသည်လည်း အလွန်တရာ ခက်ခဲနေခဲ့သည်။ နေ့စဥ်နေ့တိုင်း မလျှော့သောဇွဲနှင့်သာ လုံးပန်းရုန်းကန်ခဲ့ရသည်။

ထိုကဲ့သို့ ပျော်ရွှင်ဖွယ်ကောင်းသည့် ပွဲတော်၊ အထိမ်းအမှတ်နေ့ အားလုံးကို နောက်ကွယ်တွင်သာ ချန်ရစ်ထားခဲ့ရပြီး ထိုအရာများကို အာရုံစိုက်နေဖို့ရန်လည်း သူ့မှာ အချိန်မလပ်ခဲ့ပေ။

သို့သော် သူ မတွေးခဲ့မိဖူးသည်က တစ်စုံတစ်ယောက်သည် သူမသိနိုင်သည့် နေရာလေးမှ သူ့အား လက်ဆောင်အများကြီး တိတ်တိတ်ကလေး ပေးနေခဲ့သည် ဆိုတာကိုပင်။

ရန်ကျားလိ၏ လည်ချောင်းသည် ခြောက်သွေ့နေခဲ့ပြီး မျက်ခမ်းစပ်တွင် နီရဲထူပိန်းသော သွေးကြောမျှင််များ ရှိနေခဲ့သည်။

၎င်း၏ သက်ရောက်မှုက အနည်းငယ် ကြီးမားလွန်း၍ သူ၏ခြေလှမ်းက မတည်မငြိမ် ဖြစ်သွားပြီး အနောက်ကို ဆုတ်သွားမိချိန်တွင် ခြေထောက်အောက်တွင် ထားထားသော ကတ်ထူပုံးကြီး တစ်ခုနှင့် တိုက်မိသည်။

ရန်ကျားလိသည် ခေါင်းငုံ့ပြီး ကတ်ထူပုံးကို ကြည့်လိုက်ရာ အထဲတွင် မနည်းလှသော ဗြုတ်စဗျင်းတောင်း တိုလီမိုလီ ပစ္စည်းတို့ ရှိနေသည်။

ယဲ့ထင်သည်လည်း ထိုကတ်ထူပုံးကို မြင်သွားခဲ့ပြီးနောက် နှစ်ကြိမ်မျှ ရယ်လိုက်ကာ အနားသို့ လျှောက်လာပြီး ဒူးထောက်လိုက်သည်။ သူသည် ကတ်ထူပုံးထဲမှ ကြုံရာပစ္စည်း လေးငါးခုလောက် ထုတ်ယူလိုက်ပြီး လွမ်းဆွတ် သတိရစွာနှင့် ပြောဆိုလာသည်။

"ဒါတွေအားလုံးက ကိုယ်တို့ရဲ့ အဲ့နှစ်တုန်းက ပစ္စည်းလေးတွေလေ။ ကိုယ် လွှင့်မပစ်ရက်လို့ သေချာ သိမ်းထားတာ"

ရန်ကျားလိလည်း အနည်းငယ် လှန်ကြည့်လိုက်သောအခါ မနည်းလှသော မျက်မှန်း တန်းမိနေသည့် အရာများကို တွေ့လိုက်ရသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now