Part - 3

619 64 8
                                    

Unicode

" မင်း ဘယ်လိုလုပ်ပြီး... မငှါးဘူးလို့ငါပြောပြီးပြီလေ၊ထွက်သွား"

" မသွားဘူး"

သူ့ကိုမကြိုက်တဲ့လူတော်တော်များများကိုတွေ့ဖူးတယ် ဆိုပေမယ့် ပိုင်ချင်းလိုလူမျိုးတော့မဟုတ်ဘူး။ တစ်ချို့ကမိန်းကလေးတွေဝိုင်းကြိုက်လို့မကြည်ကြတာဖြစ်ပြီး
တစ်ချို့ကသူသောက်ရမ်းကိုမှချောလွန်းလို့ဖြစ်တယ်။ သို့ပေမယ့် ပိုင်ချင်းကတော့ ရန်လို နေပေမယ့် နွေးထွေးနေသလိုပဲ။ ရန်လင်းယံ က ပိုင်ချင်း စွာနေပုံကို ကြည့်နေရင်း အမြင်ကပ်စရာမကောင်းပဲ စနောက်ချင်လာအောင် ဆွနေသလိုရှိတာကြောင့် တံခါးမကြီးမှ အိမ်ထဲသို့တည့်တည့်မတ်မတ်ဝင်လာကာ ဂရု
မစိုက်စွာပင် ခုံမှာဝင်ထိုင်လိုက်တယ်။

" ဒီညပဲပေးအိပ်"

"မင်လိုလူမျိုးနဲ့ အတူတူမအိပ်နိုင်ဘူး... ထွက်သွား.. မြန်မြန်"

ပိုင်ချင်းစကားကပုံမှန်ဆိုပေမယ့် ကြားလိုက်ရတဲ့လူအပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားသွားတယ်။ ဒါကြောင့် လင်းယံက ပိုင်ချင်းကို မျက်လုံးစွေကာမော့ကြည့်ရင်း...မျက်နှာကိုသေသေချာချာစူးစိုက်ကြည့်လာတယ်။

" ဘာလို့လဲ စွဲသွားမှာစိုးလို့လား"

နက်နက်ရှိုင်းရှိုင်း ထွက်လာတဲ့ အသံမှာ တစ်ကိုယ်လုံး ပျော့ခွေသွားချင်လောက်အောင်လေးတယ်။ထိုခဏမှာပိုင်းချင်းက လည်ချောင်းထဲပူသွားသလိုခံစားလိုက်ရပြီး
သူဘာပြောလိုက်မိလဲဆိုတာကို ပြန်စဉ်းစားမိကာ လင်းယံမျက်နှာအား ပြန်လည်စိုက်ကြည့်၍ ရှေ့သို့ခြေလှမ်းတိုးကာအနည်းငယ်ငုံ့လိုက်တယ်။

" ရွံလို့..."

လင်းယံအတိုင်း အသံကိုခပ်တိုးတိုးနဲ့လေးထားရင်း ပြောလိုက်ပြီးနောက် ဆတ်ခနဲ
လင်းယံလတ်ကိုကိုင်ကာ အပြင်သို့ဆွဲထုတ်တော့တယ်။ ဒီအခါ လင်းယံက အငိုက်မိသွားပြီး တရွတ်တိုက်ပါသွားကာ တစ်ခါးဆောင့်ပိတ်ခံလိုက် ရခြင်းနောက်မှာ အိမ်အပြင်သို့တစ်ဖန်ရောက်သွားပြန်တော့ တယ်။

"ဟက်... တကယ်ကြီး ဒီငချွတ်ဆီမှာ လှည့်စားခံရလိုက်တာပဲ"

ကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ဘူး ။ပွဲတိုင်းကိုယ်ကပဲနွှဲလာခဲ့သမျှ ။ တစ်ခါတလေတော့ဖြစ်တတ်ပါတယ်။ မိမိ ကိုယ်ကိုယ် နှစ်သိမ့်ပေးရင်းပင် အေးစိမ့်သောလေထုကြောင့်
နှာထိပ်လေးအေးကာ နှုတ်ခေါင်လေးတစ်ချက်ရှုံ့လိုက်တယ်။ ဒီရာသီဥတုနဲ့ ရေထဲခုန်ချပြီး သတ်သေလိုက်ရင် အလောင်း
ကောင်ကအေးစက်တောင့်တင်းပြီးပြာနှမ်းနေမယ်ထင်တယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now