Part - 11

321 34 4
                                    

Unicode

"ဟားဟား... ဟားဟား ...ဟားဟား"

"မင်းရယ်နေတာရပ်မလား ငါရေနဲ့ပတ်ရ
မလား"

"ဟားဟား... ဟားဟား ပိုင်ချင်းမင်းက
ငတုံးပဲ ဟားဟား"

ဒီနေ့ က ကျောင်းပိတ်ရက် ဒုတိယမြောက်နေ့ဖြစ်တယ်။ ကျီးကန်းလန့်ပြေးလောက်အောင်အော်ရယ်နေတဲ့အသံနဲ့ စိတ်ရှုပ်စွာမာန်မဲ
နေသံက အိမ်ကြီးနဲ့အိမ်သေးလေး အလယ်
မှာ ရှိ တဲ့ ရေတွင်းဆီက လာတာဖြစ်တယ်။ ထိုအခိုက်မှာ ပိုင်ချင်းက တစ်ပတ်လုံးစာအဝတ်တွေကို ကြိုးစားပမ်းစား လျှော်ဖွတ်နေပြီး လင်းယံကတော့ဘေးကနေထိုင်ကြည့်ကာ
လှောင်ရယ်နေတော့တယ်။

" မင်း ဝေးဝေးသွားနေစမ်း!"

"ဟက်ဟက်... မင်း လုပ်နေတာ မဟုတ်ဘူးလေ"

"ငါတစ်သက်လုံးဒီလိုပဲလျှော်လာတာ... ဘာမှ
မဖြစ်ဘူး ဒီလိုလုပ်တာမှန်တယ်"

" မမှန်ဘူး.. မင်းမှားနေတာ... အဝတ်မလျှော်ခင် ရေ အရင်စိမ်ထားရသေးတယ်"

"ငါစိမ်တာပဲ"

"အဲ့လိုမဟုတ်ဘူး.. မင်းကအဝတ်အရင်
ထည့်ပြီးရေလောင်းထည့်တာ... တကယ်က ပုံးထဲကို ရေအရင်ထည့်ရတာ"

"အတူတူပဲလေ "

"မတူဘူးဆိုကွာ"

ပိုင်ချင်းမှာ မျက်ခုံးတွေနဖူးကြောတွေရှုံ့တွလို့ လင်းယံကို ရိုက်နှက်ပစ်ချင်စွာ စိုက်ကြည့်နေတယ်။ သူဟာ ဆယ့်ရှစ်နှစ်တာကာလ ပတ်လုံး အမေနဲ့အစ်မတွေရဲ့အလိုလိုက်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒီလို မတတ်မြောက်မူအတွက် လှောင်ပြောင်ခြင်းကိုမခံခဲ့ရဖူးဘူး ။ ထိုအစား ချစ်မြတ်နိုးစွာ ကျီစယ်ခြင်းကိုသာ လက်ခံရရှိဖူးတာဖြစ်တယ်။

" ဒါဆို မင်းလာလျှော်ပေးလိုက်လေ"

" လျှော်ပေးစရာလား... ငါသင်ပေးမယ်
လိုက်လုပ်"

မကျေမနပ် သူ ပြောတော့ လင်းယံက ထလာကာ အဝတ်တွေကိုတဘုတ်ဘုတ်ရိုက်နေတဲ့သူလက်ထဲက လက်ရိုက်တုတ်ကိုဆွဲယူလိုက်တယ်။

"ဘရက်နဲ့တိုက် အဝတ်နာတယ်"

ဘရက် ကိုမေးဆတ်ပြပြီး တစ်ဆက်တည်း ထိုလက်ရိုက် တုတ်နဲ့ အစုလိုက်ဖြစ်နေတဲ့ အဝတ်တွေကို ထိုးဖြဲပြလာတယ်။

THE MAN THE CROOKED (COMPLETED)Where stories live. Discover now