Part - 30

294 33 2
                                    

Unicode

" ထည့်စားနော် ကိုယ့်အိမ်လိုပဲသဘောထား ဘာမှအားနာစရာမလိုဘူး"

စားစရာတွေတစ်မျိုးပြီးတစ်မျိုးပန်းကန်ထဲလာထည့်ပေးရင်းပြောတဲ့ ဆုလတ်မေ ရဲ့ဖော်ရွေမူက လင်းယံကိုအံ့သြသွားစေတယ်။ တင်္ဒဂသူ့မှာဘာမှပြောစရာမရှိဘူး။
ကိုယ့်အိမ်လိုပဲသဘောထား'တဲ့ သူ့အိမ်မှာတောင် သူကသူစိမ်းတစ်ယောက်ပဲ။ တစ်ခါလေးတောင်မှဒီလိုနွေးထွေးတဲ့လေသံမျိုး
မကြားခဲ့ဖူးဘူး။

" ပိုင်ချင်း နောက်ခါ အပြင်သွားမယ်ဆို
ရန်လင်းယံကို ပြောခဲ့လေ၊ ကျန်ခဲ့တဲ့သူကစိတ်ပူနေမှာကို"

ထိုစဉ်မှာ ပိုင်ချင်းအစ်မရဲ့ယောကျာ်းဖြစ်သူက ပိုင်ချင်းကို မသိတတ်သေးတဲ့ကလေး
တစ်ယောက်လိုဆူပူလာတယ်။ ပိုင်ချင်းကလည်းခေါင်းကလေးငြိမ့်လို့ နာခံပြီး ရင်ထဲမှာ
စကားပေါင်းထောင်သောင်းချီပြန်ပြောနေမယ်ဆိုရင်တောင်အပြင်ကိုပွင့်အံမလာဘူး။ သူဒီလိုအပြောခံရတာ လုပ်ချင်တာ
လုပ်ရဖို့ဘာကိုမှမကြည့်တတ်တဲ့မြင့်မြတ်လှတဲ့ ကောင်စုတ်ကလေးကြောင့်ပဲ။ သို့ပေမယ့် ထိုမြင့်မြတ်လှတဲ့ ကောင်လေးကတော့
ဝင်လာတုန်းကလိုနောက်ပြောင်ပြောင်
လေးတွေမလုပ်တော့ပဲ ထမင်းကိုသာငြိမ်ပြီးမနားတမ်းစားနေတယ်။ ဟင်းတွေကအရသာမကောင်းလို့တားလိုက်ချင်ပေမယ့်လည်း
ဆုလတ်မေစိတ်မကောင်းဖြစ်မှာကို ချမ်းမင်းသော်ရော ပိုင်ချင်းပါသိတာကြောင့် တွေတွေလေး စားနေတဲ့ရန်လင်းယံကိုဒီအတိုင်းမသိမသာလေးသာ ကြည့်နေပေးကြတယ်။

ထို့နောက် ထမင်းစားရင်း ဟိုအကြောင်းဒီအကြောင်းရောက် တတ်ရာရာလေးတွေပြောနေလိုက်ကြတယ်။ လင်းယံကတော့ ရင်ထဲမှာမေးခွန်းပေါင်းစုံစုပြုံနေပြီး နှုတ်ခမ်းလေးတွေ
မသိမသာတင်းရင်းကုန်တယ်။ မိသားစုထမင်းဝိုင်းဆိုတာ ဒီလ်ိုမျိုးလား။ သူမသိခဲ့ဘူးပဲ။ မွေးဖွားလာကတည်းက အဖေမချစ်တဲ့မိန်းမကမွေးတဲ့သားမို့ အဖေ ကအနားကို
အကပ်မခံဘူး။ အမြဲတမ်းမိထွေးကမျက်စောင်းတချိတ်ချိတ်နဲ့မို့သူတို့ထမင်းစားနေချိန်ဆို စားပွဲနားတောင်မသွားရဲခဲ့ဘူး။
အစ်ကိုဆိုတဲ့နေခကရော သူစားပြီးသားတွေသူ့ပန်းကန်ထဲဝက်စာလိုလာထည့်ပေးတဲ့အထိမောက်မာခဲ့တာ။ သူ့မှာသာ သူ့ဟာသူလုပ်ဆောင်နိုင်ဖို့ခြေလက်တွေမပါဘူးဆိုရင် ဒီချိန် သူကလူမသိသူမသိ အိမ်ကြီးရဲ့အကွယ်မှာ အပယ်ခံလေးဖြစ်နေခဲ့မှာ။

THE MAN THE CROOKED (COMPLETED)Où les histoires vivent. Découvrez maintenant