'ချယ်'(အပိုင်း-၁၈)

2.1K 127 0
                                    

ချယ်-ကျောင်းတွေပြန်ဖွင့်ဖို့ အချိန်လဲနီးလာပြီ ကျောင်းအပ် ပြန်လက်ခံရမဲ့အချိန်လဲရောက်လို့လာပြီ ဒီနေ့ကျောင်းအပ်လက်ခံတဲ့ ပထမနေ့ ကျမတက်ကြွစွာ ကျောင်းကိုရောက်
ခဲ့တယ်လေ.......

ကျောင်းအပ်လက်ခံနေပါပြီ ကျောင်းထဲကို ကလေးတွေအတော်အများလဲ ရောက်ပြီးမိဘတွေနဲ့ အတူကျောင်းအပ်
နေကြပြီလေ လက်ခံချိန် ပြီးတဲ့အချိန်ထိ ကျမကလေးကိုမတွေ့မိပါ ဒါ့ကြောင့် ကျမဖုန်းကို ထုတ်ပြီး အလွတ်ရနေရ တဲ့ ကျမကလေးဖုန်းလေးကို ဆက်လိုက်မိတယ်လေ......

တီ..တီ..တီ..ဖုန်းကိုင်လိုက်တာနဲ့ ဟလိုချယ်ဆိုတဲ့ ကျမကလေးရဲ့အသံလေး ကျမလဲ ကလေးဒီနေ့ ကျောင်းအပ်ရမှာလေ မေ့နေ့သလားဆိုတော့ ကလေးက ချယ် ကလေးမမေ့ပါဘူး ကလေးမာမီဒီနေ့ မအားလို့နက်ဖြန်မှ ကျောင်းအပ်လိုက်ပို့မယ်ဆိုလို့ပါတဲ့......

ကျမလဲအကျိုးအကြောင်းသိရတော့ အင်းကလေး ဒါဆိုနက်ဖြန် ချယ်တို့တွေ့ကြမယ်နော် လို့ပြောပြီး ဖုန်းချမလို့အလုပ် ကလေးက ချယ်အရမ်းလွမ်းတယ် ဆိုပြီး​ပြောလာတယ်..
(အရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေး)

ကျမလဲ ချယ်လဲလွမ်းပါတယ်ကွယ် လို့ပြောပြီးဖုန်းချက်လိုက်တော့တယ်လေ ကျမလဲလုပ်စရာရှိတာတွေလုပ်ပြီး အိမ်
ပြန်လာခဲ့တယ်......

ဒီနေ့ ကလေးက ကျောင်းအပ်လာရင် ကလေးမေမေပါလာမယ်တဲ့ အဲတော့ကျမမှာ ပုံစံတူ အဖြူအစိမ်း ယူနီဖောင်း တွေကို ခနခနရွေးဝတ်နေမိတယ်........

ဘာကြောင့်ဆို ကလေးမေမေ အရှေ့မှာ ကျမရဲ့ပြီးပြည့်စုံတဲ့ပုံကိုပဲ ကျမပြချင်လို့ပါ ဒါမှ တစ်ချိန် သူ့သမီးကို တောင်းယူတဲ့အခါ စိတ်ချလက်ချ ထည့်နိုင်မှာလေ(အမလေးချယ်တို့များမတော်ရသေးတဲ့ ယောက္ခမ အရှေ့မျက်နှာလိုချင်
နေတာကို)

ကျမကျောင်းရောက်ခဲ့ပြီလေ ကလေးကိုမျှော်နေမိပြီ ဟောလာပါပြီ အဖြူအစိမ်းလေးနဲ့ ချစ်ဖို့ကောင်းအောင် လိမ်းချယ်ထားတဲ့ သနပ်ခါးလေးတွေ ဆံပင်ကိုမြင့်မြင့်လေးထုံးထားပြီး လှပတဲ့အပြုံးလေးနဲ့ ကျမကလေး......

အစု-ဒီနေ့ကျောင်းအပ်ရမယ်ဆိုတော့ အစုအတော်တက်ကြွနေတယ်လေ ကျောင်းရောက်တော့လဲ ချယ့်ကိုလိုက်ရှာနေမိတယ် တွေ့ပြီ အစုရဲ့ချယ်......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now