'ချယ်'(အပိုင်း-၄၁)

2.1K 118 0
                                    

အသက်-အသက်လဲ ဒီတင်းမာနေတဲ့အခြေအနေကို ရပ်သွားအောင်လို့ ထားအဲလေ ချယ်အသက်ပြန်တော့မယ် ညနေကြရင် အသက်လာကြိုမယ်နော် ဆိုကာပြောပြီး ကျန်တဲ့ဆရာမတွေ့အပါအဝင် ချယ်လွှာကိုပါနှုတ်ဆက်ကာ ကျောင်းထဲကနေထွက်လာခဲ့တယ် ကားပေါ်ရောက်တော့အိမ် ကိုမမောင်းပဲ မာမီရှိတဲ့ကုမ္ပဏီကို အသက်ဦးတည်ပြီးမောင်းခဲ့တယ် မြန်မာပြည်ရဲ့ကားလမ်းပိတ်မှုတွေကြောင့် ကျောင်းကနေမောင်းကာကုမ္ပဏီကို ၂နာရီအကြာမှ အသက်ရောက်ခဲ့တယ် ကုမ္ပဏီရောက်တော့လဲ အသက်ကမာမီ့သမီးဆိုတာကို အထွေအထူးမိတ်ဆက်စရာမလိုပဲ မာမီ့အတွင်းရေးမှုးကသိနေတယ် အသက်လဲမာမီရုံးခန်းရှေ့ရောက်တော့ အတွင်းရေးမှုးအမကို အမအသက်ရောက်နေတယ်လို့ မာမီ့ကိုပြောပေးပါဆိုတော့ ထိုအမကဖုန်းခေါ်ကာပြောပြီးမကြာ အထဲကိုဝင်လာခဲ့ပါလို့ပြောပါတယ်တဲ့ ဒီတော့အသက်လဲ မျက်နှာကိုပုံမှန်ထပ်တင်းကာထားပြီး ဝင်ခဲ့တယ် အခန်းထဲဝင်လိုက်တော့ မာမီကသူ့အလုပ်စားပွဲမှာထိုင်ကာ စာရွက်နဲ့အလုပ်ရှုပ်နေပြီး အသက်ကိုတစ်ချက်မော့ကြည့်ကာ အဲမှာထိုင် အခုလာတာဘာကိစ္စလဲတဲ့ ဆိုပြီးမေးလာတော့ အသက်လဲ အသက်မာမီ့အလုပ်တွေကိုဝိုင်းကူမလို့ပါ ဒါကြောင့်အသက် နက်ဖြန်ရုံးတက်မယ်လို့ မာမီ့ကိုအသိပေးတာ ပြီးတော့တစ်ခါထဲခွင့်တောင်းမယ်မာမီ အသက်သူငယ်ချင်းဟန်နာပါလုပ်မှာပါဆိုပြီးပြောလိုက်တော့ မာမီကလက်ထဲကကိုင်ထားတဲ့ ဘောပင်ကိုအသာချကာ ထိုင်နေရာကနေထလာပြီး အသက်နားရောက်တော့ မာမီ့သမီးကအရင်လိုကလေးမဟုတ်တော့ဘူးပဲ အခုတော့မာမီ့ရဲ့ခွင့်ပြုချက် ဆုံးဖြတ်ချက်ကိုတောင်မမေးတော့ပဲ ကိုယ့်ဘာသာကိုလုပ်နိုင် ဆုံးဖြတ်နိုင်လာပြီပဲ မာမီသိပ်သဘောကျတယ်ကွယ် အေးမာမီခွင့်ပြုတယ် နက်ဖြန်ကစပြီးနှစ်ယောက်စလုံး HRဌာနမှာအလုပ်စဆင်းတဲ့ ဆိုပြီးမာမီကပြောလာတော့ အသက်လဲ ဟုတ်ကဲ့မာမီနက်ဖြန်ကစပြီးဆင်းပါ့မယ် အခုပြန်တော့မယ်ဆိုပြီးတံခါးနားအသွား အသက်ခြေလှမ်းကိုအနည်းငယ်ရပ်တန့်သွားအောင် မာမီပြောလာတဲ့စကားတစ်ခွန်းအရာရာကိုကိုယ့်ဆုံးဖြတ်ချက်နဲ့လုပ်တာကို မာမီသဘောကျပေမဲ့ အဲသဘောကျတဲ့ကိစ္စထဲမှာ သက်ထားနွယ်မပါဘူးတဲ့ ပြီးတော့သက်ထားနွယ်ကြောင့် အခုသမီးမာမီ့ကိုမကြောက်တော့တာမာမီသိတယ်လို့ မာမီကပြောလာတော့ အသက်အပြင်မှာသာထုတ်မပြောလိုက်တာပါ စိတ်ထဲကနေတော့ အသက်အခုထိမာမီ့ကိုကြောက်တာပေါ့မာမီရယ် ဒါပေသည့်အသက်မကြောက်ချင်ယောင်ဆောင်နေရမယ် ဘာလို့ဆို ဒီတစ်ကြိမ်လဲအသက်ကြောက်နေရင် အသက်သိပ်ချစ်ရတဲ့ချယ်နဲ့ဝေးရမှာလေ ဒီတော့အဝေးမခံနိုင်ဘူး အသက်သတ္တိကောင်းမှဖြစ်မယ်လို့တွေးကာ မာမီ့ကိုအသက်ကအရင်ကလိုကလေးမှမဟုတ်တော့တာ အရက်လိုမာမီထားရာ​နေစေရာသွားတဲ့ အရွယ်မဟုတ်တော့ဘူးလေ ဒီတော့အသက်မာမီ့ကိုလုံးဝမကြောက်တော့ဘူးလို့ ပြောကာမာမီ့ရုံးခန်းထဲကနေထွက်လာခဲ့တယ်.........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now