'ချယ်'(အပိုင်း-၂၆)

1.8K 111 5
                                    

ချယ်-ဒီလိုနဲ့ ကျမတို့အတူ ကျောင်းမှာလဲအတူတူဖြတ်သန်းသလို ကျူရှင်သင်ရင်လဲတွေ့နေရပါတယ် အချစ်တွေလဲ အရင်ကထပ်ပိုတိုးလာခဲ့ပါတယ် ကျမအသက်ကလေးကလဲ အရင်ကထပ်ကို စာတွေပို
ကြိုးစားလာတယ်လေ ကျမတို့ဆရာမတွေလဲ ဒီလိုစာကြိုးစားတဲ့ ကလေးကိုစာသင်ရတဲ့အတွက် အရမ်းကို ကျေနပ်မိတယ် ကျမကလေးရဲ့ ကောင်းသတင်းကအမြဲပဲကြားနေရတယ်လေ အခြားဘာသာရပ်ဆရာမတွေကလဲ ကလေးကို တစ်လတစ်ခါစာမေးပွဲစစ်ပြီးရင် ပြန်ပြောကြတဲ့စကားက သက်ထားရေ သက်ထားရဲ့တပည့်ကျော်ကိုတော့ အမတို့ မချီးကျူးပဲမနေနိုင်ဘူးကွယ်တဲ့လေ........

ကျမကဘာလို့လဲလို့ဆိုလိုက်တော့ ဒီကလေးကလေစာသင်ရင်လဲ စာကိုအာရုံစိုက်သလို စာမေးတဲ့အခါကြရင်လဲမဆိုင်းမတွပြန်ဖြေတက်တယ် စာကျက်ခိုင်းပြန်တော့လဲ ခနလေးနဲ့ရပြန်ရော ဒီလိုတပည့်မျိုးကိုပိုင်ဆိုင်ထားရတဲ့ ကျမတို့ဆရာမတွေကအကုန်မျက်နှာပန်းပွင့်ရတယ် သူလေးကြောင့် ကျောင်းမှာလဲစာမေးပွဲဖြေရင် ထိပ်ဆုံးမှာပဲဆိုတော့ အမတို့နောက်နှစ်၁၀တန်းကြရင် ဒီကလေးက ကျောင်းဂုဏ်ကိုဆောင်တဲ့သူလေးဖြစ်မယ်လို့ အမတို့ခန့်မှန်းထားတယ်သက်ထားရေတဲ့ ဆိုပြီးပြောတော့ ကျမလဲကျမကလေးအတွက်အရမ်းကို ဂုဏ်ယူမိတယ်......

ကျမတို့အပျော်တွေကိုပျက်စီးမဲ့အရာကရောက်လာတော့မယ်ဆိုတာကိုမသိတဲ့အထိကို ကျမပျော်နေမိတာပါ ဒီလက ၁၁လပိုင်းလေ ကျမမွေးနေ့ရောက်ဖို့သိပ်မလိုတော့ဘူးပေါ့ ကျမကလေးဆီကမွေးနေ့လက်ဆောင်ကို မျှော်နေမိတာအမှန်ပါ ကလေးကစာတွေပဲလုပ်နေရလို့လားမသိ ကျမမွေးနေ့ကိုမေ့နေတယ်ထင်တယ် ကျမကဒီလကဘာလလဲလို့မေးလိုက်ရင် ၁၁လပိုင်းလေချယ် ဘာဖြစိလို့လဲလို့သာပြန်ဖြေတက်တယ်လေ.......

အသက်-စာသင်နှစ်ကြာလာလေ ချယ်နဲ့အရမ်းကိုရင်းနှီးလာသလို အရမ်းလဲချစ်လာကြတယ်လေ စာကိုလဲအရင်ကထပ်ပိုကြိုးစားလာရတယ်လေ ဘာလို့ဆို ချယ်ဂုဏ်ယူရတဲ့သူဖြစ်စေချင်သလို မေမေ့ဆီကနေလဲ အမှတ်ကောင်းကောင်းယူချင်တဲ့အတွက်လေ ချယ်ကအခုရက်ပိုင်းဒီလဘာလလဲသိလားလို့ ခနခနမေးလေ့ရှိတယ် အသက်သိတာပေါ့ ဒီလ ၁၂ရက်နေ့က ချယ့်မွေးနေ့လေ ဒါပေမဲ့ မွေးနေ့မှာ Supriseလုပ်ပေးဖို့စီစဉ်ထားတာကြောင့် မသိဘူးပဲပြောပြီး ချယ့်ကိုနောက်နေမိတယ် ချယ်ကအသက်မသိဘူးပြောတိုင်း မျက်နှာလေးညှိုးသွားတက်တယ်လေ........

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now