100

11.4K 1.7K 153
                                    

{Unicode}

"မခွဲနိုင်တော့"

ယဲ့ထင်သည် တစ်ချက် ညည်းလိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။

ရန်ကျားလိက ပြုံးနေရင်း သူ့ခေါင်းကို အတင်း ပြန်ဆွဲလှည့်လာကာ ရယ်သွမ်းသွေးသည်။

"သစ်ပင်လေးတစ်ပင်ကိုတောင် အငြိုးတွေ ထားနေသေးတယ်။ ဟုတ်ပြီလေ၊ ငါမင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အသက်ကို သိသွားပြီ ထင်တာပဲ။ နောက်ဆို ငါမင်းကို ယဲ့ခွေးလို့ မခေါ်တော့ဘူး။ ငါမင်းကို ယဲ့ပေါက်စီလို့ပဲ ခေါ်တော့မယ်။ မင်းနို့ပဲ သွားသောက်တော့"

(ပေါက်စီဆိုတာ ချစ်စရာကောင်းတဲ့ ကလေးလေးတွေကို ခေါ်တာပါတဲ့)

ယဲ့ထင်က ခေါင်းငုံ့လာပြီး ရန်ကျားလိ နှုတ်ခမ်းထက် တို့ကနန်း ဆိတ်ကနန်း နမ်းလိုက်ကာ

"အဲ့ဒီအပင်က ကြည့်ရ အဆင်မပြေဘူး။ အမြင်တင့်တယ်တယ်လို့ မထင်ရဘူး"

ရန်ကျားလိက ခေါင်းယမ်းလိုက်ရင်း ယဲ့ထင်၏ အင်္ကျီကော်လံကို ပြန်တပ်ပေးလိုက်ကာ နက်ခ်တိုင်ကိုပါ စည်းပေးလိုက်သည်။

အထူးသဖြင့် မိမိ မကြာသေးခင်က ကိုက်ထားခဲ့သော သွားရာသေးသေးလေးကို ဖုံးဖိထားလိုက်သည်။

နှစ်ယောက်သားသည် ပခုံးချင်းယှဥ်လျက် ကျောင်းတော်ကြီး၏ ဟောပြောခန်းမထဲ ဝင်လာသည်။ ရန်ကျားလိသည် ပွဲကြည့်ပရိသတ် ထိုင်ခုံတန်းတွင် ကျပန်းတစ်နေရာ ရှာထိုင်လိုက်ပြီး ယဲ့ထင်တစ်ယောက် နွေးထွေးပျူဌာသော လက်ခုပ်သံများကို ပွေ့ပိုက်ရင်း စင်ပေါ်တက်လာသည်ကို ကြည့်နေခဲ့သည်။ ယဲ့ထင်က ပွဲတက်ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သေသပ်ပုံကျစွာ ချုပ်လုပ်ထားသည့် အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ထားသည်။ တောင့်တင်းသန်မာသော အပေါ်ပိုင်းကိုယ်ထည်သည် အနည်းငယ် မှီလျက်ရှိနေပြီး ရှည်သွယ်သော ခြေထောက်နှစ်ချောင်းက ထပ်လျက်ရှိနေကာ စောက်ကျိုးနည်းကြီးကို အထက်တန်းဆန်နေသည်။

အစီအစဥ် တင်ဆက်သူသည် ယဲ့ထင်၏ ကိုယ်ရေးအကျဥ်းနှင့် အောင်မြင်ကျော်ကြားမှုများကို ကြွားလုံးထုတ်ပြီးနောက် ယဲ့ထင်နှင့် တစ်ခွန်းမေး တစ်ခွန်းဖြေ ကဏ္ဍလည်း စတင်လာတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now