<အခန်း၁၃>(zawgyi)

2K 151 0
                                    


ညနေခင်းမှာ ပွဲတက်ရမှာဆိုသော်လည်း
မနက်ခင်းမှာတော့ ကျန်းယွီက ထုံးစံအတိုင်း
ဆရာမနှင့် သင်ယူရမည်ပင်။ ဧည့်ခံပွဲက
ည၇နာရီစမှာ ဖြစ်သော်လည်း အဲဒီနေရာကို
ရောက်ဖို့ဆို အချိန်တစ်နာရီ ယူရမည်ဖြစ်သည်။
ငါးနာရီမှာ ယန်ရှူးက ကျန်းယွီကို အပေါ်ထပ်
တက်ပြီး အဝတ်အစားလဲခိုင်းခဲ့သည်။

၅နာရီခွဲတွင်တော့ ကျန်းယွီအဝတ်အစားလဲတာ
ပြီးသွားလေသည်။ ယန်ရှူးက သူ့ကို အခန်းထဲက
အပြင်သို့ ထွက်လာခိုင်းလိုက်သည်။ ဓာတ်လှေကားနားသို့ လျှောက်လာချိန်မှာ သူမရဲ့
ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

ယန်ရှူးက ဖုန်းကို ကိုင်လိုက်တော့ အထွေထွေ
မန်နေဂျာရဲ့အတွင်းရေးမှူးဆက်တာဖြစ်ပြီး
သူက သူမနဲ့ လုပ်စရာရှိသေးသည်ဟု
ဆိုကာ ခေါ်ခြင်းဖြစ်သည်။ သူမက ဖုန်းချ
လိုက်ပြီးနောက် အချိန်ကိုကြည့်ကာ ကျန်းယွီကို
ပြောလိုက်သည်။

"မင်းမြေအောက် ကားပါကင်ကို သွားနှင့်ချေ
ခဏကြာရင် ငါမင်းကိုလာရှာမယ်"

ကျန်းယွီက ခေါင်းညိမ့်ပြလျက် ဓာတ်လှေကားထဲသို့ တစ်ယောက်တည်း ဝင်သွားလိုက်သည်။

"တစ်ယောက်ယောက်ရှိလား!!!!"

ဓာတ်လှေကားအနားက တံခါးနောက်က
မိန်းကလေးအသံ တစ်ခု ရုတ်တရက်
ထွက်လာခဲ့သည်။

ကျန်းယွီက ရပ်နေပြီး မိန်းကလေးအသံက
ပိုပြီး ကျယ်လာပြန်သည်။

"လူရှိကြလား????တစ်ယောက်ယောက်
ကျွန်မကို ကူညီပေးလို့ရမလား????ကျွန်မ
ခြေခေါက်ပြီး လမ်းမလျှောက်နိုင်တော့လို့ပါ!!!"

ကျန်းယွီက ခဏလောက် တွေဝေနေတုန်း
တံခါးက ပွင့်နေတာကို တွေ့လိုက်ရသည်။
အထဲကို ခေါင်းဝင်ပြီး ကြည့်လိုက်တော့
လှေကားပေါ်မှာ သူမရဲ့ဘယ်ဘက်လက်နဲ့
ခြေထောက်ကို ကိုင်ပြီး ထိုင်နေတဲ့
မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက မနေ့က ချန်းရွေ့နောက် လိုက်ခဲ့သော
မိန်းကလေးတွေထဲက တစ်ယောက်ဖြစ်သည်။

"ကျန်းယွီလား????"

မိန်းကလေးက သူ့ကိုမြင်တော့ အံ့အားသင့်စွာ
ပြောလာသည်။

The Little Merman Book1(mmtran)Where stories live. Discover now