40 part2 (Z)

1.3K 96 1
                                    

ကျိုးရွေ့က တစ်ဖက်လူအား စိတ်တိုစွာဖြင့်
ကြည့်လိုက်ရာ တစ်ဖက်လူက အရပ်ရှည်ရှည်နှင့် မျက်နှာထားက ကြောက်ဖို့ကောင်းနေပြီး
ကြည့်ရတာလည်း အနည်းငယ်ရင်းနှီးနေပြန်သည်။

"မင်းက ဘယ်သူလဲ??ငါ့သူငယ်ချင်းကို
ဘာလို့ခေါ်သွားရတာလဲ!!!!" ကျိုးရွေ့က
ဒေါသတကြီး ပြောလိုက်ပြီး ကျန်းယွီက
တစ်ဖက်လူအား ကြောင်ကြည့်နေသည်ကို
မြင်သည်နှင့် ကျိုးရွေ့က "ရှောင်ယွီ!ကိုယ့်ဆီလာခဲ့"

သူက တစ်ဖက်လူလက်ထဲကနေ ကျန်းယွီအား
ဆွဲထုတ်လိုက်ပေမဲ့ ကျန်းယွီက သူ့လက်ပေါ်တွင် ရုန်းကန်နေတုန်းကနဲ့ မတူစွာ တစ်ဖက်လူလက်ပေါ်တွင် အချိန်အတော်ကြာ ပွတ်သပ်နေပြီး
သူ့အခြေအနေပိုကောင်းသွားသလို ရပ်သွားသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်လူက သူ့အား အေးစက်စက်ကြည့်လိုက်ပြီး ခေါင်းငုံ့လျက် ကျန်းယွီအားပွေ့ခေါ်သွားပြီး
ပြန်လှည့်ထွက်သွားသည်။

"ဟေး!မင်းကတကယ် ဘယ်သူလဲကွ!!!မင်းဘာလို့ ငါ့သူငယ်ချင်းကို ခေါ်သွားရတာလဲ??" ကျိုးရွေ့က သူ့နောက်က ပြေးလိုက်သော်လည်း
ထိုလူက ကျန်းယွီအား ကားထဲထည့်ပြီးထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ထိုလူနဲ့ပတ်သက်ပြီး အတွေးကရုတ်တရက် ဖြတ်ဝင်လာခဲ့သည်။ အဲဒီလူ....အဲဒီလူက ချင်မိသားစုက
ဒါရိုက်တာချင်ပဲ။

ဘုရားရေ!သူအခု သူဌေးကြီးရဲ့ချစ်သူကို မြူဆွယ်ဖို့လုပ်ခဲ့တာလား???ကျိုးရွေ့က နေရာမှာတင် ကြက်သေသေသွားရင်း လုံးဝအံ့အားသင့်သွားခဲ့သည်။

.........

လက်ထောက်ကတော့ သူ့ရဲ့သူဌေးက ကျိုးရွေ့ရဲ့လက်ထဲကနေ တစ်စုံတစ်ယောက်အား
ဆွဲယူခဲ့သည်အား အံ့အားသင့်၍မပြီးနိုင်ပေ။
ချင်စန်းက သူ့လက်မောင်းပေါ်တွင် ထိုလူအား
ပွေ့ဖက်ပြီး ကားထဲဝင်လာသည့်အခါမှ
အသိဝင်လာပြီး "ချင်...ဒါရိုက်တာချင်..အခုဘယ်ကိုသွားမှာလဲမသိဘူး???"

ချင်စန်းက ကောင်ငယ်လေးရဲ့ နဖူးကို လက်နဲ့စမ်းလိုက်ပြီး ပူနေသဖြင့် "အနီးဆုံးအိမ်ကိုသွား"

သူတို့ကအခု ရှင်းယင်းမီဒီယာနဲ့အနီးမှာ ဖြစ်တာကြောင့် လက်ထောက်က ၎င်းအနီးရှိအိမ်သို့
ခေါ်သွားခဲ့သည်။

The Little Merman Book1(mmtran)Where stories live. Discover now