49 part1 (U)

3.3K 745 36
                                    

ချင်စန်းက ကျန်းယွီ၏ ဗိုက်သားလေးကို
တစ်စတစ်စ သိမ်းကြုံးကိုင်လေတော့သည်။
ကျန်းယွီက ပိုသက်တောင့်သက်သာဖြစ်သလို
ခံစားရတာကြောင့် ချင်စန်းရင်ခွင်ထဲသို့
ပိုတိုးလိုက်ကာ အသက်ရှူနှုန်းတွေလည်း ပိုမြန်ဆန်လာရသည်။

ချင်စန်းက ကောင်ငယ်လေးရဲ့ မျက်နှာလေးကို
ပြန်မော့အကြည့်၌ ကောင်ငယ်လေး၏
မျက်လုံးများက အချစ်၌ပျော်ဝင်နေသည့်
အရိပ်အယောင်များအား တွေ့လိုက်ရသည်။
ကောင်ငယ်လေးက တိုးတိုးလေး ညီးညူလျက်သူ့ရင်ခွင်ထဲသို့ပိုတိုးနေခဲ့သည်။ သူ့နှလုံးသား
တစ်ခုလုံး ပူနွေးလာရပြီး ကောင်ငယ်လေးမျက်နှာနားကပ်ကာ နမ်းလိုက်တော့သည်။

ကျန်းယွီလည်းပဲ အလွန်အမင်း ပူလောင်နေခဲ့ပြီး
နှစ်ယောက်စလုံး ညသန်းခေါင်အထိ မရပ်မနား
အိပ်ယာပေါ်၌ လူးလိမ့်ခဲ့ကြသည်။ ထို့နောက်
ချင်စန်းက သူ့အား ရေချိုးခန်းထဲသို့ပွေ့သွားပြီး
သန့်စင်ပေးခဲ့သည်။ ကျန်းယွီက မလှုပ်နိုင်တော့သဖြင့် အိပ်ရာပေါ်ပြန်တင်လိုက်သည့်အချိန်တွင်
မျက်ခွံကိုအနည်းငယ် ဖွင့်လျက် ချင်စန်း၏
လက်မောင်းအား ဆုတ်ကိုင်ကာ ဝေဝေဝါးဝါး
ပြောလာသည်။ "ကျွန်တော် မနက်ဖြန်မနက်
၇နာရီ ရုပ်ရှင်ရိုက်ဖို့ရှိတယ်"

ချင်စန်းက သူ့မျက်လုံးတွေ လက်ဖဝါးဖြင့်သပ်ကာ အိပ်ခိုင်းလိုက်ပြီး ခေါင်းငုံ့ကာ ကောင်ငယ်လေးရဲ့ ခေါင်းနဲ့နဖူးကို ဖွဖွလေးနမ်းလိုက်ပြီး
တည်တည်ငြိမ်ငြိမ်ပြောလာခဲ့သည်။
"အိပ်လိုက်တော့နော်။ ကိုယ်မင်းကို မနက်ဖြန်အချိန်မီ လိုက်ပို့ပေးမယ်"

ကျန်းယွီက ထိုအခါမှ သူ့မျက်လုံးလေးတွေကို ပိတ်လိုက်ပြီး အိပ်သွားတော့သည်။

(ဝူးးးးးးးးးးးးးးးး)

နောက်တစ်နေ့မနက်၅နာရီ၌ ချင်စန်းအရင်နိုးလာခဲ့သည်။ သူ့ရင်ခွင်ထဲ၌ ကလေးငယ်က အိပ်နေတုန်းဖြစ်တာကြောင့် သူကမနှိုးချင်ပေ။ သူက အိပ်ရာပေါ်မှ မြန်မြန်ထကာ သန့်စင်လိုက်ပြီးနောက် အဝတ်အစားလဲကာ ကုတင်ပေါ်ကကောင်ငယ်လေးတစ်ကိုယ်လုံးအား စောင်နဲ့ပတ်လျက်
ကားထဲသို့ပွေ့ထည့်ခဲ့သည်။

The Little Merman Book1(mmtran)Where stories live. Discover now