101

10.3K 1.6K 118
                                    

{Unicode}

"စာရွက်စာတမ်း"

ကျောင်းခရီးစဥ် ပြီးသောအခါ သူတို့သည် နောက်တစ်နေရာသို့ ခရီးဆက်ကြပြန်သည်။

နှစ်ယောက်သားသည် ဂျပန်နိုင်ငံ ရှိဇူကာမြို့သို့ သွားခဲ့ကြပြီး ထိုဒေသတွင် မီးရှူးမီးပန်း ပွဲတော်ကြီးအား အစောဆုံး ကျင်းပတတ်၍ သူတို့အလာနှင့် အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။

ညကောင်းကင်အပြည့် မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပလွန်းသော မီးရှူးမီးပန်းများ ပွင့်လန်းလာသောအခါ ယဲ့ထင်နှင့် ရန်ကျားလိသည် လူအုပ်အကြား ရပ်နေပြီး ကောင်းကင်ကြီးကို မော်ကြည့်ကာ မည်သူတစ်ယောက်ကမှ စကားတစ်ခွန်းမျှပင် မဆိုပါဘဲ စိတ်ချင်းဆက်နေကြသည့်အတိုင်း တိတ်တိတ်ကလေး လက်တွဲထားခဲ့ကြသည်။ တစ်စုံတစ်ယောက်က ပျောက်ကွယ်သွားမှာ ဆိုးသည့်အလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့ကြ၏။

ပေကျင်းမှ ရှိဇူကာ၊ တိုကျို၊ ကွမ်ကျိုး၊ ဟန်ကျိုးအထိတိုင်.....

သူတို့သည် ထိုနှစ်က သွားချင်ခဲ့သော နေရာများအားလုံး လျှောက်သွားခဲ့သည်။ ကြည့်ချင်ခဲ့သည့် ရှူခင်းများအားလည်း သွားကြည့်ကာ လုပ်ချင်သည့် ကိစ္စများလည်း ပြုလုပ်ခဲ့ကြသည်။

ဘာသာရေး ပွဲတော် ကျင်းပနေသော တိုကျို လမ်းမထက် လက်ချင်း တွဲယှက်ရင်း လူအုပ်ကြီးထဲ တိုးဝှေ့ ဖြတ်သန်းခဲ့ကြသည်။ သူတို့သည် ကွမ်ကျိုး၌လည်း အရသာ အစစ်အမှန် ကော်ပြန့်စိမ်းကို စားခဲ့ကြပြီး ရန်ကျားလိသည် ကျေနပ်ခြင်းများစွာနှင့် မျက်လုံးများ တောက်ပနေသောကြောင့် ယဲ့ထင်က စားပွဲအောက်မှ သူ၏ခြေထောက်ကို တိတ်တိတ်ကလေး ညှပ်ထားရသည်။ သူတို့သည် ဟန်ကျိုးရှိ ရှီကန်ဘက်တွင် လှုပ်လှုပ်ယမ်းယမ်းနှင့် စက်ဘီး စီးသောအခါ အေးမြနွေးထွေးသော လေထုက အင်္ကျီထဲထိပင် စိမ့်ဝင်လာခဲ့သည်.....

ယဲ့ထင်သည် တစ်လမ်းလုံး အနက်ရောင် စာအုပ်အထူကြီးကို ယူလာပြီး အကြောင်းအရာ တစ်ခုပြီးတိုင်း ဘောပင်နှင့် ကြက်ခြေခတ်လိုက်ကာ နောက်တစ်မျက်နှာ လှန်လိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now