102

10K 1.5K 106
                                    

{Unicode}

"ဟန်ဆောင်တာဆိုလည်း
အဆင်ပြေပါတယ်"

ယဲ့ထင်နှင့် ရန်ကျားလိသည် Las Vegas, Nevada သို့ ခရီးဆက်ခဲ့ကြသည်။

၎င်းမှာ ရက်သုံးဆယ်၏ နောက်ဆုံးသော မှတ်တိုင်ဖြစ်သည်။

သူတို့သည် ကြိုတင် ရေးဆွဲထားသည့် အစီအစဥ်အတိုင်း လာခဲ့ကြပြီး အဆင့်မြင့် ကြယ်ငါးလုံး ဟိုတယ်တွင် တည်းခိုကာ စည်ကား သိုက်မြိုက်နေသော လေးဖက်လေးတန် လမ်းများဆီသို့ လျှောက်ပတ်ခဲ့ကြသည်။ နာမည်ကြီးနေသော ရှိုးပွဲကိုလည်း ကြည့်ခဲ့ကြပြီး ကာစီနိုတွင်လည်း တစ်အောင့်လောက် ဆော့ကစားခဲ့ကြသည်။ Las Vegas, Nevada မြို့တော်ကြီး၏ သက်ဝင်မြူးကြွပြီး ယစ်မူး ပျော်ရွှင်စရာ ကောင်းလှသော မကုန်ခမ်းနိုင်သည့် ညတာရှည်ကို စံစားခဲ့ကြသည်။

ပိုက်ဆံများကို လက်လွတ်စပယ် ဖြုန်းတီးပစ်လိုက်ဖို့ရန် ဆန္ဒရှိသည့် ခရီးစဥ်တစ်ခုလည်း ဖြစ်လာခဲ့၏။

ရန်ကျားလိသည် တစ်ဖက်တွင် စိတ်လှုပ်ရှားနေကာ တစ်ဖက်တွင်တော့ နှလုံးသားထဲ၌ လေးလံမှောင်မိုက်နေသည့် တစ်စုံတစ်ခုက ဖိထားသလိုသာ ခံစားနေရပြီး အကြောင်းပြချက်မရှိ အသက်ရှူ မဝသလို ဖြစ်နေသည်။

သူသည် သုံးဆယ်ရက်တာ ကန့်သတ်ကာလကို တွေးမိလေတိုင်း နှလုံးသားထဲတွင် ဘယ်နှစ်ရက်လောက်ပဲ ကျန်တော့တာလဲဟု တိတ်တိတ်ကလေး ရေတွက်နေခဲ့မိ၏။

ယဲ့ထင်သည် ဟိုတယ်၏ ရေချိုးခန်းထဲမှ ထွက်လာပြီး ရေချိုးဝတ်ရုံ ဝတ်ဆင်ထားရင်း ဆံပင်များကို သုတ်နေသည်။

ရန်ကျားလိက ပြတင်းဘေးတွင် ငေးကြောင်စွာနှင့် Las Vegas, Nevada ၏ တောက်ပခံ့ညားသော ညတာရှူခင်းကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယဲ့ထင်၏ ဆံပင်သုတ်နေသည့် အပြုအမူက ရပ်တန့်သွားပြီး တိတ်တဆိတ်နှင့် လျှောက်သွားရင်း သူ့အနား ထိုင်လိုက်ကာ လူကို ဖွဖွကလေး ရင်ခွင်ထဲ ဖက်ထားလိုက်ပြီး လေသံတိုးနှင့်

"လျှောက်လည်ရတာ မပျော်လို့လား"

ရန်ကျားလိက ခေါင်းယမ်းလိုက်ပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now